အပိုင်း ၁

25.6K 825 65
                                    

[Zawgyi]

"ကိုရိုနာလဲမကြောက်ဘူးဟေ့ ပက်မှာပဲ ပက်မှာပဲ"

"စာမေးပွဲလဲမကြောက်ဘူးဟေ့ ပက်မှာပဲ ပက်မှာပဲ"

အသံများက ပူပြင်းလှသော ဖေဖော်ဝါရီလ၏ နေရောင်ခြည်ကို ကျော်လွန်ကာ ထွက်ပေါ်လာသည်။

အချိန်သည်ကား မြန်မာနိုင်ငံ၏ ပြင်းထန်လှသော နွရောသီသို့ ကူးပြောင်းမည့် နွဦေး အချိန်ကာလ။

ထိုအသံများကို ကြားနေရသော နွဦေးသာ တယောက် ပြုံးလိုက်မိသည်။

လိုက်တော့ မအော်နိုင်ချေ။
တခြားတော့မဟုတ် ပါးစပ်ထဲမှာ Archiမေဂျာ က ကျွေးသော စတုဒီသာ ရွှေရင်အေးများ ပြည့်နေလို့ပင်။

"နွဦေးရယ် ပျောက်လို့လိုက်ရှာလိုက်ရတာ။လူအုပ်ကြားထဲ ကနေရင်း ဘယ်ရောက်သွားတာလဲ"

"ဟဲဟဲ ကတာ နဲနဲကြာတော့ ဗိုက်ဆာလာလို့ ရွှေရင်အေး လာဆွဲတာ"

ကောင်းမြတ်၏ အမေးကို နွဦေးသာတစ်ယောက် သွားလေး အဖြဲသားနှင့် ဖြေလိုက်မိသည်။

"အစားအသောက်ကိုတော့ စိတ်မပူရဘူး မင်းကတော့"

"လာလာ မင်းလဲ လာစားလေ"

"ရောက်လာမှတော့ ကုသိုလ်မြောက်သွားအောင် ဆွဲရတော့မှာပေါ့"

ပြီတီတီ အပြုံးဖြင့် လက်နှစ်ဖက် အပြည့် ခွက်ထဲသို့ ရွှေရင်အေးများ ခပ်ထည့်နေသော ကောင်းမြတ်ကို Archiက ညီမလေး တစ်ယောက်မှ မကြည် ကြည့်ဖြင့် မျက်စောင်းထိုးလိုက်သည်ကိုတော့ ကောင်းမြတ်တယောက် မမြင်လိုက်ရှာ။

"လောင်းလိုက်တော့ ချမ်းချမ်းချမ်း ရင်မှာတုန်တုန်တုန် တီးပါ ဗုံဗုံဗုံ ရေစိုစို တန်ခူးလမှာ
ကျောင်းသင်္ကြန်ကတော့ ပျော်စရာကြီးဟေ့"

အာဗြဲနဲ့ အော်ရင်း ဝင်လာသော နှစ်ယောက်မှာကား မှုန်ရီချယ်နှင့် လင်းရောင်။

"မှုန်မှုန်ရယ် ကိုယ့်လင်ပါးစပ်ကို ပိတ်ထားခြင်းဖြင့် ပတ်ဝန်းကျင်ကို ကူညီစမ်းပါလား"

ကောင်းမြတ်အပြောကို ကိုလင်းတယောက် မျက်စောင်းထိုးရင်း ကောင်းမြတ်ရွှေရင်အေးကို ဆွဲလုလိုက်သည်။

နွေဦးပန်းတွေ ပွင့်ချိန်တန် [Complete]Where stories live. Discover now