Hey ! I'm Alpha !!

Start from the beginning
                                    

"အင်း။ သူ့ကိုတကယ်သဘောကျသွားတာ။ ချစ်မိသွားပြီထင်တယ် "

တစ်ခါပဲတွေ့လိုက်ရပေမယ့် Ricky ဟာ  Kim JiWoong ကို တကယ်ကြီး သဘောကျသွာတာဖြစ်သည်။ အဲ့နေ့ Bar က ပြန်လာပြီးထဲက ဘာလုပ်လုပ်၊ဘယ်သွားသွား အဲ့အလှလေး ရဲ့ မျက်နှာပဲ မြင်နေတော့တာ ။ ဆေးမမှီတော့ဘူးထင်ပါတယ် ။

"ချစ်ပဲချစ်မနေနဲ့ ။ ဘာအမျိုးအစားလဲစုံစမ်းဦး ။ အဲ့တာအရေးကြီးတယ် "

"ဒီလောက်ချောလှနေတာ Omega ပဲ နေမှာပေါ့ "

"အဲ့တာ မဟုတ်ရင်ရော "

"ကင်ဂယူဗင် ရယ် ။ Omega မဟုတ်လည်း Beta ပေါ့ကွာ။ ငါက Dominant Alpha လေ ။ စိတ်ပူချင်းပူ အလှလေးကိုပဲ မင်းပူရမှာ "

အချစ်ရူးရူးပြီး စုံလုံးကန်းနေတဲ့ ဒီ Ricky Shen ဆိုတဲ့ ကောင်ကို ကင်ဂယူဗင် တော်တော်စိတ်လေနေပြီဖြစ်သည်။
သူ စုံစမ်းပြီးတွေ့ရသလောက် Kim JiWoong ဟာ ဘယ်တော့မှ Omega မဖြစ်နိုင် ။ ဘာအနံ့မှမရလို့  Beta လို့ပြောရအောင်လည်း အရှိန်အဝါတစ်ခုနဲ့ အင်အားကြီးလွန်းနေပြန်တယ်။

သူကသာတွေးပူနေရပေမယ့် Ricky Shen က‌တော့ စားလည်းအလှလေး၊ သွားလည်းအလှလေးနဲ့ ။ သူ့ကိုယ်သူ Dominant Alpha ဆိုပြီး ဘဝင်ကမြင့်ရသေးတယ်။ မင်းပြောသလို Kim JiWoong က Beta ဆိုရင်‌တော့ ကောင်းတာပေါ့ ။ Enigma သာဆိုရင် Ricky Shen ဘဝတော့ မတွေးရဲစရာပဲ .....။

-

-

"လူကြီး ။ ဒီနေ့လည်း Black coffee တစ်ခွက်။ လူကြီးရဲ့ အချစ်တွေပါ ထည့်ဖျော်ပေး "

"ဒီအချိန်ကျောင်းတတ်ရတယ်မလား။ ကျောင်းကိုပြန်တော့ "

ဒီနေ့လည်း Kim JiWoong ရဲ့ ဆိုင်ကို Ricky တို့ ရောက်လာရပြန်ပြီ ။ ဂယူဗင်ဆီက ဆိုင်လိပ်စာသိပြီးထဲက လူကြီးရဲ့ ကော်ဖီဆိုင်ကိုလာပြီး အချစ်ရောင်းသူလေးလာလုပ်နေတာ ဒီနေ့နဲ့ဆို တစ်ပတ်လောက်ရှိရောပေါ့။ သို့ပေမယ့် Kim JiWoong ဆီကတော့ တုံ့ပြန်မှုရဖို့မပြောနဲ့ ၊ အဖတ်တောင်မလုပ် ။

သူက Dominant Alpha လေ ။ ဒီလောက်ကြီး‌တော့ လျစ်လျူမရှုသင့်ဘူးလေနော် ။

"လူကြီး ။ ကျွန်တော်က Alpha တောင် ရိုးရိုး Alpha မဟုတ်ဘူး။  Dominant Alpha နော် ။ လူကြီးလို Omega ကို ကာကွယ်နိုင်တဲ့အင်အားအပြည့်ရှိတယ်။ အဲ့တာကို ဘာလို့ ငြင်းနေရတာလဲ "

Paradise Of MinamzWhere stories live. Discover now