Hey ! I'm Alpha !!

5.4K 224 105
                                    

[AN - FB ပေါ်က Edit vd လေးကို ကြည့်ပြီး သဘောကျလို့ ရေးလိုက်တာပါ။ ]

Enigma × Dominant Alpha

                           •  •  •

Dream Bar ..... ဒီမြို့ရဲ့ နာမည်ကြီး Bar တစ်ခု။
လူသန့်တယ် ။ မျိုးရိုးမြင့်အိမ်တော်က Alpha သခင်လေးတွေတော်တော်များများလာကြတယ် ။ လိုချင်တာမှန်သမျှအကုန်ရတယ်။ အဓိကအချက်က‌တော့ Omega အလန်းလေးတွေ အရမ်းပေါတယ် ။

အဲ့လိုအလှလေးတွေပေါလို့ပဲ Ricky Shen တို့ မလာပဲမနေနိုင်ကိုဖြစ်နေတာ။  weekend မှာ ကျောင်းက ဘာအိမ်စာမှလည်း မပါလာတာမို့ အစောကြီးထဲက Ricky တို့သူငယ်ချင်းတွေ လာကဲနေတာဖြစ်သည်။

အရင်ကတော့ Omega အလှလေးတွေကို မျက်လုံးနဲ့ပဲငေးနေသမျှ ဒီနေ့တော့ Omega အလှလေးတစ်ယောက်နဲ့ အီစီကလီရိုက်တော့မယ်လို့ Rickyက ဆုံးဖြတ်ထားပြီးဖြစ်သည်။

အခုမှ အီစီကလီစလုပ်တယ်ဆိုပြီး Ricky ကို အထင်မသေးစေလိုဘူး ။ Ricky က ရှန်အိမ်တော်က တစ်ဦးတည်းသော ဆက်ခံသူ Dominant Alpha ။ ရုပ်ကလည်း အပြစ်ပြောစရာမရှိအောင်ချောတဲ့အပြင် မျိုးရိူလည်းမြင့်တာမို့ သူမချူခင်ထဲက ကြွေချင်နေတဲ့ Omega တွေမှအများအပြား။
ရှန်သခင်လေးရဲ့  Pheromones ကို တစ်ခါလောက်အနံ့ခံဖူးရင် သေပျော်ပြီဆိုတဲ့ လူတွေမှ ဒုနဲ့ဒေး။
သူက ချေးများတယ် ။ ချောပေ့ ၊ လှပေ့ ဆိုတဲ့ Omega လေးနဲ့ပဲတွဲချင်လို့ လူရွေးနေရတာ  ။

၁၉ နှစ်ပဲရှိသေးပေမယ့် ရှန်သခင်လေးရဲ့ စန်းပွင့်မှုကိုတော့ အထင်သေးလို့မရဘူး ။

အလှလေးတွေကို ငမ်းနေတဲ့ Ricky ရဲ့ အာရုံကို ဖမ်းစားသွားတဲ့ တစ်စုံတစ်ခု ။ ထောင့်ကျကျဝိုင်းမှာ Alpha တစ်ယောက်နဲ့အတူထိုင်နေတဲ့ လူတစ်ယောက် ။
သူ့ထက်အသက်ပိုကြီးပုံရတဲ့ ဒီလူက တော်တော်တော့ချောတယ်။ ဂုတ်ထောက်ဆံပင်တွေနဲ့ အညိုရောင် long coat ကို ဝတ်ဆင်ထားတဲ့ဒီလူက အရမ်းကို သဘောကျချင်စရာကောင်းတယ်။

အကြည့်မလွှဲပဲ‌ တောက်လျှောက်ကို ကြည့်နေမိတာမို့ ဘေးဝိုင်းကလူတွေတောင် သတိထားမိပေမယ့် ထိုလူကတော့ သိတောင်မသိ ။  ပုံမှန်ဆို မိမိကပဲ အကြည့်ခံ လူတန်းစားဖြစ်ပေမယ့် ဒီတစ်ယောက်နဲ့ကျမှ သူ့သိက္ခာတွေလည်း ရေစုန်မျောနေပြီထင်ပါတယ်။

Paradise Of MinamzWhere stories live. Discover now