မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2

Почніть із самого початку
                                    

ပိုင်လီမှာ ဤအမျိုးသမီး၏ ခံစားချက်များကို ခန့်မှန်းနိုင်သဖြင့်...

"အမေ အံသြနေမယ်ဆိုတာကျွန်တော်သိပါတယ် ဒါပေမယ့် ကျွန်တော်ဒီနေ့ကစပြီးပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပြီ ကျွန်တော့်လက်ထဲငွေမရှိတော့ပဲ စားစရာလုံးဝမရှိတော့ ကျွန်တော်အရမ်းနောင်တရသွားတယ်လေ  ဒီကရှေ့လျောက် ကျွန်တော်ပြောင်းလဲတော့မယ် လောင်းကစားမလုပ်တော့ဘူး ပြည့်တန်ဆာအိမ်တွေကိုလည်းမသွားတော့ဘူး မိသားစုနဲ့အမေတို့ကိုပဲ ဂရုစိုက်တော့မယ်"

ပိုင်အမေသည် ထိုစကားများ၏ထိုးနှက်မှုကြောင့် အလွန်မူးဝေသွားရပေ၏။ သူမဘဝမှာ အလိုချင်ဆုံးအရာနဲ့ဆုအတောင်းဆုံးအရာက သူမရဲ့ဒုတိယသား လိမ္မာလာဖို့ပဲဆိုပေမယ့် ရုတ်တရက်ဒီလိုစကားတွေကြားရတဲ့အခါ သူမချက်ခြင်းလက်မခံဘူးဖြစ်နေသည်။ သူမရဲ့သား ဘယ်လောက်ဆိုးတယ်ဆိုတာ မိခင်ဖြစ်တဲ့ သူမအသိဆုံးပင်ဖြစ်၍ ထိုစကားများကြောင့် မျက်လုံးများနီရဲလာသော်လည်း သူမသည် အပျော်မစောနိုင်သေးပေ။

ပိုင်အမေက သူမ၏အမူရာကိုဖုံးကွယ်လိုက်ပြီး လေသံမာမာဖြင့်...

"ပြောင်းလဲတယ်ဆိုတာ ပါးစပ်ကပဲပြောင်းလဲနေလို့မရဘူး မင်းငါတို့ကိုထည့်တွက်စရာလည်းမလိုဘူး မင်းရဲ့မိသားစုကိုသာဂရုစိုက် ငါပြန်မယ် ခဏနေရင် ရှောင်မိန်ကိုဆန်လာပို့ခိုင်းလိုက်မယ်"

ထို့နောက် ပိုင်အမေသည် ရစ်ငှက်နှစ်ကောင်နှင့်အတူပြန်သွားခဲ့လေသည်။ ရှောင်ဖူနှင့်ရှောင်ဝူသည် လူကြီးများ၏မွန်းကြပ်ဖွယ်စကားဝိုင်းကို နားမလည်သော်လည်း ထိုနေရာကနေထွက်မသွားကျသေးပေ။ သူတို့က အသီးတွေကိုကြည့်နေပေမယ့် သူတို့အဖေကိုလည်းမပြောရဲကျဘူး။

ပိုင်လီက ဒါကိုမြင်တော့ နုတ်ခမ်းထောင့်များမြင့်တတ်သွားကာ...

"မင်းတို့ အသီးတွေကိုစားလို့ရတယ် ဒါပေမယ့်အများကြီးမစားရဘူး တစ်ယောက်ကိုသုံးလုံးစီပဲ စားလို့ရမယ် ကျန်တာကို မင်းတို့ဒေါ်လေးငယ်အတွက်နဲ့ မင်းတို့မနက်ဖြန်စားဖို့ချန်ထားလိုက်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now