ဇနီးလေးစိတ်ဆိုးသွားခြင်း

5.8K 812 7
                                    

အပိုင်း (၁၂၀) ဇနီးလေးစိတ်ဆိုးသွားခြင်း

"ညီလေးပိုင် ငါ့မိတ်ဆွေ ချောင်မျိုးရိုး ပြောတုန်းက မင်းက စပျစ်သီးနဲ့တူတဲ့အသီးတွေကို ရောင်းချင်နေတာတဲ့ မင်းကခြံနဲ့တောင်စိုက်ထားတာဆို အမှန်တိုင်းပဲပြောမယ်နော် ငါအခုကြည့်ရသလောက်တော့ ဒီဝိုင်လုပ်ထားတဲ့အသီးတွေက တကယ့်စပျစ်သီးတွေဖြစ်လောက်တယ် အဲတော့ မင်းဝိုင်ပဲလုပ်မှာလား အသီးတွေကို ရောင်းဦးမှာလား"

ပိုင်လီက ဒီမေးခွန်းအတွက် အဖြေရှိပြီးသားပါပင်။ ဒါကြောင့် သူက...

"ကျွန်တော် အသီးတွေရော ရောင်းမှာပါ ဝိုင်အကြောင်းကို ဖုံးထားပြီး ကျွန်တော့်အသီးခြံက  အသီးပဲ ရောင်းတယ်ဆိုတာပြထားဖို့အတွက် အသီးတချို့ကို ခွဲရောင်းဖို့စဥ်းစားထားပါတယ် စပျစ်သီးတွေအပါဝင်ပေါ့"

ဒါကိုကြားတော့ ချိန်မျိုးရိုးစုံတွဲသည် ဤလူငယ်က အတော်လျို့ဝှက်ချင်တာပဲဟု တွေးမိခဲ့ကျ၏။ သူက စံပါယ်ပင်အကြောင်းကို ဖုံးကွယ်လိုက်ချင်ရုံသာမက ဝိုင်တွေက သူ့ဆီကလာတယ်ဆိုတာကိုပါ ဖုံးကွယ်ထားချင်နေသေးတယ်။

ကောင်းပြီလေ မင်းက နောက်ကွယ်ကလူပဲ ဖြစ်ချင်နေတယ်ဆိုမှတော့ ငါတို့က ရှေ့မှာမျက်နှာခံပေးဖို့ အသင့်ပါပဲ။

ချိန်အန်းက ပြုံးရွှင်စွာနဲ့...

"ဒါဆို အလုပ်ဖြစ်ပြီသာ မှတ်လိုက်တော့ ငါတို့ကတိပေးတယ် ငါတို့ရဲ့ ကျန့်ကျိုးကုန်သည်အဖွဲ့က မင်းရဲ့နာမည်ကို လုံးဝဖုံးကွယ်ထားပေးမယ် မင်းအဲဒီတစ်ချက်ကိုတော့ ယုံလို့ရတယ်"

ပိုင်လီက ဒါကိုတော့ သံသယမရှိပေ။ ဘာကြောင့်လဲဆိုတော့ ချောင်ရန်က ဒီလူတွေက ငွေမက်ကောင်းမက်နိုင်ပေမယ့် ကတိစကားကိုတော့ အရမ်းတန်ဖိုးထားတဲ့အကြောင်း ပြောပြထားဖူးလို့ပါပဲ။

ဒါကြောင့် လဲလှယ်မှုသည် ဤသို့ဖြင့် အောင်မြင်သွားခဲ့ပြီး သူတို့ကတဆက်ထဲ ဝိုင်များ၏စျေးကိုပါ ဆွေးနွေးခဲ့ကျသေး၏။

နောက်ဆုံးတွင် ဝိုင်တစ်အိုး၏စျေးအား ရွှေသုံးချောင်းဟု သတ်မှတ်ခဲ့ကျပြီး ကျန်းကျိုးကုန်သည်အဖွဲ့သည် 20%ရရှိလိမ့်မည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now