မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း

12.2K 1.4K 2
                                    

အပိုင်း (၁၃) မုဆိုးကြီးပြောတဲ့ ကျိုးရှီနဲ့စုရှီတို့အကြောင်း

ပိုင်လီက တကယ်တော့ဒီလိုမျိုးတွေ ကြွားရတာကိုဝါသနာပါတာတော့မဟုတ်ဘူး။ သူက မူလပိုင်လီကြောင့်ပျက်စီးနေတဲ့ ဒီခန္ဓာကိုယ်ရဲ့ဂုဏ်သတင်းကို ပြန်လည်ပြင်ဆင်ချင်ရုံပါပဲ။

ပိုင်အဖေသည် တခြားလူများနှင့် ကျွဲနှင့်လှည်းကို သဘောတကျကြည့်နေပြီးမှ နောက်ဆုံးတွင်မေးလာခဲ့တော့သည်။

"ဒုတိယ ဒီကျွဲနဲ့လှည်းက ဘယ်လောက်ပေးခဲ့ရတာတုန်း"

ပိုင်အဖေက ပိုင်လီမှာ ငွေချောင်းငါးဆယ်ကျော်ပါသွားတာကိုသိပြီး ဝယ်လာတာတွေအကုန်လုံးကိုကြည့်ရသလောက်တော့ သူ့မှာ တစ်ပြားမှမကျန်လောက်တော့ဘူး။

ပိုင်လီကလည်း ကျွဲကြီးကိုကြည့်ပြီး...

"ကျွဲအတွက် ငွေချောင်းသုံးဆယ်ပေးခဲ့ရတာ ကျွန်တော်ကနည်းနည်းလျော့ခိုင်းသေးပေမယ့် ကျွဲပိုင်ရှင်က လျော့မပေးတော့ဘူး ကျွန်တော်လည်း ကျွဲကိုသဘောကျနေတာနဲ့ဝယ်လာလိုက်တာ လှည်းကလည်းပုံမှန်စျေးလောက်ပါပဲ"

ပိုင်အဖေနဲ့ရွာအကြီးကဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ပဲ သူတို့က ကျွဲနဲ့လှည်းကိုသဘောကျနေတာသိသာတယ်။

ပိုင်အဖေက...

"ငွေချောင်းသုံးဆယ်က မတန်တာတော့မဟုတ်ပါဘူး ဒီကောင်ကြီးကတော်တော်သန်ပုံရတယ် လှည်းကလည်းတော်တော်ကောင်းတယ်"

ရွာအကြီးမှလည်း...

"ဟုတ်တယ် မင်းကျွဲကငယ်ရွယ်ပြီးသန်မာတယ် မင်းနှစ်တွေအများကြီးခိုင်းနိုင်ဦးမှာ ငါ့အိမ်ကကောင်ကြီးက အိုနေပြီဆိုတော့ ကြည့်တာနဲ့တင် ကွာခြားမှုသိသာလွန်းတယ်ကွာ"

ပိုင်အမေကတော့ သူတို့တွေဘာလို့ဒီလောက်သဘောကျနေလဲဆိုတာ မတွေးတတ်ဘူး။ သူမသိတာက ကျွဲနဲ့လှည်းအတွက် ငွေချောင်းငါးဆယ်လောက်ကုန်သွားပြီဆိုတာပဲ။

"မင်းဆိုတဲ့ကောင်လေးကတော့ အိမ်မှာလည်းလှည်းရှိနေတာပဲ ပြီးတော့ အကြီးကဲအိမ်က ကျွဲလည်းရှိတယ် ဘာလို့မဆိုင်းမဆင့် လှည်းကိုဝယ်ချလာရတာတုန်း အပိုငွေကုန်အောင်လို့"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now