အပိုင်း (၁၅၀)

6.1K 803 12
                                    

အပိုင်း (၁၅၀) ရှောင်အိမ်နှင့်မုဆိုးကြီး၏ ပြေလည်ရေးစကားဝိုင်း

"ရှောင်ဟန်.. မင်းနောက်ဆို အဲလိုမလုပ်ရဘူးနော် မင်းကသာ ခင်ပွန်းသည်ကို ပြုစုရမယ့်သူလေ မင်းရဲ့ခင်ပွန်းက မင်းကိုအလိုလိုက်တာ ကောင်းပေမယ့် မင်းက သိတတ်ရမယ်လေကွယ်.."

ဒါက တကယ်တော့ ရယ်ရ၏။ မသိတဲ့သူတွေဆိုရင်တော့ လဲ့ရှီက ရှောင်ဟန်ကို အမေတစ်ယောက်လို ဆုံးမနေတာပဲဟု တွေးနိုင်ပေမယ့် တကယ်တမ်းမှာတော့ ရှောင်ဟန်ရဲ့မသိတတ်မှုတွေကို ပိုင်လီမြင်အောင် အနုနည်းနှင့် ဖော်ထုတ်ပြနေတာသာဖြစ်သည်။

သူမကတကယ်ပဲ ရှောင်ဟန်ကို အကြံပေးဆုံးမချင်တာဆိုရင် ကွယ်ရာမှာ တိုးတိုးတိတ်တိတ် ပြောလို့ရတယ်မဟုတ်ဘူးလား။

သို့သော် သူမ၏ကြိုးစားမှုက တခြားသူတွေအပေါ်မှာ အလုပ်ဖြစ်နိုင်ပေမယ့် ပိုင်လီအပေါ်မှာဆိုရင်တော့ အသုံးမဝင်ပါချေ။

ပိုင်လီက အနည်းငယ်နေရခက်သွားတဲ့ သူ့ဇနီးလေးအတွက် သူငှဲ့ထားတဲ့လက်ဖက်ရည်ခွက်ကို တိုးပေးလိုက်ပြီး ပြောလိုက်ပါတယ်။

"အဆင်ပြေပါတယ် ဒါကို ရှောင်ဟန်က မသိတက်တာ မဟုတ်ဘဲ ကျွန်တော်ကသာ မလုပ်ခိုင်းတဲ့သူပါ သူက ဒီတိုင်း သူ့ခင်ပွန်းစကားကို နားထောင်တဲ့သူလေးဆိုတော့လေ.."

ပြောပြီးနောက် ပိုင်လီက သူ့အတွက်သူလည်း သူကိုယ်တိုင် လက်ဖက်ရည်ငှဲ့လိုက်၏။ ရှောင်ဟန်ကတော့ သူ့ကို အပြည့်ဝကာကွယ်ပေးတဲ့ သူ့ခင်ပွန်းကို တိတ်တိတ်လေး ခိုးကြည့်မိလိုက်လေသည်။

ဒီလိုမျိုး သူ့ခင်ပွန်းက သူ့ကို စကားလေးနဲ့တောင် အပြောမခံနိုင်ဘဲ ကာကွယ်ပေးတဲ့ပုံလေးက အရမ်းမိုက်တာပဲ။ မဟုတ်ဘူးလား။

တစ်ဖက်က လဲ့ရှီကတော့ ထပ်ပြောဖို့ပြင်ထားသည့်စကားများပင် နင်လို့သွား၏။ သူမက ဒီလိုဆိုရင်တောင် ဇနီးတစ်ယောက်အနေနှင့် ရှောင်ဟန်ကဤသို့ မနေသင့်ကြောင်းကို ထပ်ပြောချင်နေသော်လည်း ချက်ခြင်းတော့ သူတို့ကြား ခွဲလို့မရနိုင်သေးသဖြင့် ပြောမည့်စကားလုံးတို့ကို ပြန်သာမျိုချလိုက်ရလေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now