အပိုင်း (၄၇)

10.3K 1.4K 44
                                    

အပိုင်း (၃၇) မုဆိုးကြီးအား ဒုတိယဇနီးယူရန်တိုက်တွန်းကျခြင်း -4

ပိုင်လီက အပြင်ရှိလူအုပ်ကိုဝေ့ကြည့်လိုက်တော့ ကျန်းမိသားစုနှင့် ပိုင်မိသားစု၏မျက်နှာတွေက ဇဝေဇဝါဖြစ်နေပြီး ဝမ်မိသားစုနှင့် ၎င်းတို့နောက်ကလူတချို့ကသာ မျက်နှာတည်များနှင့်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် ကျန်းနှင့်ပိုင်မိသားစုကလည်း ဘာမှမသိသေးကြောင်း ခန့်မှန်းမိလိုက်၏။

ပိုင်လီက ဖြစ်နိုင်ရင် ဘာစကားမှမပြောချင်သော်လည်း သူသည်ဤရွာ၌ဆက်လက်နေထိုင်ဦးမည်ဖြစ်၍ ဤရွာရှိလူများ၏အမြင်ကို ထည့်သွင်းစဥ်းစားရဦးမည်ဖြစ်သည်။ ထို့ကြောင့် သူက...

"မနက်ခင်းပဲရှိသေးတယ် ဒီလောက်လူအများကြီးကလာလည်နေပြီ ကျွန်တော့်ကိုခြောက်မလို့တော့ မဟုတ်ဘူးမလား" ဟု စနောက်ဟန်ဖြင့်ပြောလိုက်၏။

ထိုအခါ ပိုင်မိသားစုနှင့် အကြီးကဲကျန်းသည် ငါတို့လည်းဘာဖြစ်နေမှန်းမသိသေးဟု ပြောမလို့ပြင်သော်လည်း အောင်သွယ်တော်ပုံစံ ဝတ်စားထားသောအမျိုးသမီးတစ်ယောက်က လူကြားထဲမှထွက်လာကာ ဦးအောင်ဝင်ပြောခဲ့သည်။

"အားလုံးအိမ်ထဲရောက်မှပြောကျတာပေါ့ မင်းက ငါတို့ကို အိမ်ထဲဝင်ဖို့မခေါ်တော့ဘူးလား"

ပိုင်လီသည် ထိုအမျိုးသမီးကိုကြည့်ပြီး တစ်ခုခုတော့မှားနေပြီဟု ခံစားမိသော်လည်း အားလုံးကိုအိမ်ထဲဖိတ်လိုက်တုန်းပင်။

တဲအိမ်ငယ်လေးရဲ့ရှေ့မှာ ပိုင်လီအသစ်လုပ်ထားတဲ့ ရိုးရှင်းပေမယ့် ခိုင်ခံ့ကောင်းမွန်သည့်စားပွဲဝိုင်းအသစ်ရှိနေပြီး ပိုင်လီကိုစကားပြောသည့်အမျိုးသမီးအပါအဝင် အသက်ကြီးသူများက စာပွဲတွင်ထိုင်လိုက်ကျသည်။

အဲဒီအချိန်မှာ တည်သီးပင်အောက်က ရှောင်ဟန်နဲ့ယုလုံကလည်း လူတွေအများကြီးဝင်လာတာကြောင့် စံပါယ်ပင်နားက ကလေးတွေခေါ်ပြီးအနားကို ရောက်လာခဲ့ကျ၏။ 

လူတွေက ပိုင်လီရဲ့အိမ်ထဲဝင်ဝင်ချင်းမှာ အမွှေးရနံ့ကိုရလိုက်ပေမယ့် လောလောဆယ်မှာသူတို့က ဒါကိုစပ်စုဖို့အချိန်မရှိကျသေးပါဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now