အပိုင်း (၇၁)

10K 1.4K 24
                                    

အပိုင်း (၇၁) မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း -2

"ဒါဆို မရီးက ဘယ်သူ့ဆီကို ရောင်းခဲ့တယ်ဆိုတာကို အိမ်ကိုပြောပြသေးလား"

ပိုင်ကျန်းက ဒါကိုကြားတော့ တစ်ခုခုတော့လွဲနေပြီဟု ခပ်ဝါးဝါးခံစားမိသော်လည်း သူက ပိုင်လီက ဒီတိုင်း သိချင်နေရုံဟု ပိုတွေးမိခဲ့တာပင်။ ဒါကြောင့်...

"အိုး...အဲတာကို သူမလည်းမသိဘူးတဲ့ သူမအကိုတွေကရောင်းပေးတာတဲ့လေ"

ပိုင်လီက ထပ်မေးခဲ့သေးသည်။

"ဒါဆို သူမအကိုတွေက အိမ်ကိုလိုက်မလာဘူးလား ကျွန်တော်ပြောချင်တာက ဒါကငွေချောင်းတစ်ထောင်လေ သူတို့က ဒါကိုရောင်းပေးဖို့အကျိုးဆောင်ထားတာဆိုတော့ ကျေးဇူးတင်ဖို့အခွင့်ရေးလေးတော့ ပေးသင့်တာပေါ့ မဟုတ်ဘူးလားဗျာ"

ပိုင်ကျန်းသည် ဒါကိုကြားတော့အနည်းငယ်တွေဝေသွားပြီး ပိုင်အဖေကလည်း သူရဲ့လက်ဖက်ရည်ခွက်ကို ဖြေးညှင်းစွာပြချခဲ့လိုက်သည်။

ပိုင်ကျန်းက သူမအကိုတွေက အိမ်ကိုလာလေ့မရှိလို့နေမှာပါဟု ပြန်ပြောချင်ခဲ့သော်လည်း ကျိုးမိသားစုသည် မကြာသေးခင်ကပင် ရွာခြားနေသည့် သူတို့အိမ်ကို လာလည်သွားကျသေး၏။ တွေးကြည့်ရင်ပိုင်လီထောက်ပြတဲ့နေရာက အရမ်းအဓိပ္ပါယ်ရှိတယ်။ သူတို့ကလယ်သမားရွာက သာမာန်လယ်သမားတွေလေ။ ငွေချောင်းတစ်ထောင်ဆိုတာသူတို့အတွက် အရမ်းများတဲ့ပမာဏဖြစ်နေပြီး နှိမ်တာမဟုတ်ပေမယ့် ကျိုးမိသားစုက ပိုင်မိသားစုလိုပြေလည်တဲ့မိသားစုတောင် မဟုတ်ခဲ့ဘူး။

ပိုင်လီ တောဝက်တွေရောင်းတုန်းက ရွာသားတွေက ငွေချောင်းရာဂဏန်းပဲရတာလို့သိတာတောင် တစ်ရွာလုံးရုတ်ရုတ်သဲသဲဖြစ်သွားကျကာ ဒါက ငွေချောင်းရာဂဏန်းရဲ့တန်ဖိုးကို ဖော်ပြတာလည်းဖြစ်သည်။

အခုက ငွေချောင်းတစ်ထောင်လေ။ ကျိုးမိသားစုကရိုးသားစစ်မှန်ပြီး ပိုင်မိသားစုကို အကုန်ပြန်ပေးခဲ့ရင်တောင် ကျိုးရှီနဲ့ပဲ ပြန်ထည့်ပေးလိုက်ပြီး သူတို့တွေလိုက်မလာတာက ကျေးဇူးတင်မခံချင်လို့လား။ အဲလိုဆိုရင်တောင် ဒါကနည်းနည်းတော့ မဟုတ်သေးသလိုပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now