အပိုင်း (၁၃၁)

5.2K 797 10
                                    

အပိုင်း (၁၃၁) ကျွန်စျေးသို့ အလည်တစ်ခေါက်

ပိုင်လီရေ မနေ့က မင်းကို​ပြောလိုက်ဖို့ ငါတကယ်မေ့နေတာ မင်းတော့ တိုက်တိုက်ဆိုင်ဆိုင်ကို ကံကောင်းတာပဲ ဒီနေ့က ကျွန်စျေးနေ့လေ အဲဒါ မင်းလည်း ကျွန်တချို့ဝယ်ချင်မလားလို့ အတူတူသွားဖို့ လာခေါ်တာ"

ဒါကိုကြားတော့ ပိုင်လီမှာ အနည်းငယ် အံသွားခဲ့ပေသည်။ မူလပိုင်လီရဲ့ မှတ်ဉာဏ်ထဲမှာ ဒီအကြောင်းရှိမနေပါဘူး။ ပြီးတော့ ပိုင်မိသားနဲ့ နန်ချောင်းရွာက လူတွေဆီကနေလည်း သူဒါကိုမကြားဖူးဘူး။

ဒါကြောင့် ပိုင်လီက ချောင်ရန်စကားဆုံးတော့ တခြားသူတွေကို အကဲခတ်လိုက်ပြီး ပိုင်အဖေမှလွဲလျှင် ရှောင်ဟန်ရော ပိုင်မိန်ရောက စိတ်ဝင်တစားနားထောင်နေသဖြင့် ဒါကို မသိထားကျသေးကြောင်းရိပ်မိလိုက်သည်။ တကယ်တော့ ပိုင်အဖေကလည်း ဒါကိုသိထားလို့ မဟုတ်ဘဲ လမ်းမှာ ချောင်ရန်က တိုးတိုးတိတ်တိတ်နဲ့ အနည်းငယ်ရှင်းပြလာလို့သာ သိပ်မအံသြသွားခဲ့တာပါ။

ပိုင်လီ၏မျက်နှာပေါ်ရှိဇဝေဇဝါအမူရာကြောင့် ချောင်ရန်ကရှင်းပြပေးလိုက်လေသည်။

တကယ်တော့ထိုနေ့က ကျွန်စျေးနေ့ဆိုတဲ့နာမည်အတိုင်းပဲ ကျွန်တွေကို ရောင်းချတဲ့ပွဲတော်တစ်ခုလိုနေ့မျိုးပါပဲ။

ဆိပ်ကမ်းမြို့မှာ ကုန်သည်တွေ များပြားလှတဲ့အတွက် အဲဒီထဲမှာ ကျွန်ကုန်သည်တွေလည်း ရှိနေတာ မလွဲဧကန်ပဲ။ ဧကရာဇ်က အတင်းကျပ် ကျွန်ပြုတာကို တားမြစ်ထားရင်တောင် ကျွန်စနစ်က ရှိနေစဲဖြစ်တဲ့အတွက် ကျွန်တွေကို ရောင်းဝယ်တာကတရားဝင်နေစဲပဲလေ။ ကျွန်တွေကနေ မွေးဖွားလာတဲ့ကလေးတွေကလည်း လွတ်​မြောက်ခွင့်ပေးမယ့်သခင်နဲ့မတွေ့မချင်း၊ ဒါမှမဟုတ် သူတို့ကိုယ်သူတို့ပြန်မဝယ်နိုင်မချင်း ကျွန်ဘဝကနေ မလွတ်မြောက်နိုင်တော့ ဧကရာဇ်ရဲ့ဥပဒေကြောင့် မတရားကျွန်ပြုနေခြင်းတချို့ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့်လည်း ကျွန်စနစ်ကတော့ ဆက်လက်လည်ပတ်နေတုန်းပါပဲ။

ဒါကြောင့်လည်း အရောင်းဝယ်သမား ကုန်သည်တွေပြည့်နေတဲ့ ဆိပ်ကမ်းမြို့မှာ တစ်နှစ်တစ်ခါကျင်းပသည့် ကျွန်စျေးနေ့ပေါ်လာခဲ့ပြီး အဲဒီနေ့ကို နွေဦးရဲ့အစောပိုင်းတစ်ရက်မှာ အမြဲတမ်း သတ်မှတ်လေ့ရှိကျသည်ပင်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now