ဇနီးလေးရွေးပေးတဲ့လက်ဆောင်

5.5K 859 14
                                    

အပိုင်း (၁၂၆) ဇနီးလေးရွေးပေးတဲ့လက်ဆောင်

ကုန်သည်ချင်၏ ဒုတိယဇနီးသည် တီးတိုးပြောနေသည့် ပိုင်လီတို့စုံတွဲကြောင့် အလွန်ကို မပျော်ရွှင်တော့ပေ။ သူမစိတ်ထဲမှာတော့ ဒီဟန်ထုတ်နေတဲ့လူတွေက လက်ဝတ်ရတနာတွေကို မယူတော့ဖို့ အကြောင်းပြချက် ရှာနေတယ်လို့ပဲ ထင်နေတာကြောင့် သူမမျက်နှာက အရမ်းကိုမယဥ်ကျေးတော့ပါဘူး။

ပိုင်လီမှာ သူမကို လုံးဝဂရုမစိုက်သော်လည်း ရှောင်ဟန်ကမူ ထိုအမျိုးသမီးကြောင့် စိတ်မသက်သာဖြစ်နေရပေသည်။

တကယ်ဆို သူတို့တွေက သိတောင်မသိတဲ့လူတွေပဲမဟုတ်ဘူးလား။ အဲတာကို သူမက ဘာလို့ သူတို့အကြောင်းကို အရမ်းစိတ်ဝင်စားပြီး ရန်လိုနေရတာလဲ။

ပိုင်လီက သူ့ဇနီးလေး စိတ်ရှုပ်နေတာမြင်၍ အာရုံ​ပြောင်းပေးလိုက်တော့၏။ သူက...

" မင်းလည်းရွေးတော့လေ စားပွဲပေါ်ကပစ္စည်းတွေကို အကြိုက်မတွေ့ဘူးလား ဒါဆို ထပ်လဲပေးဖို့ ပြောလိုက်ရမလား"

ရှောင်ဟန်မှာ ထိုတော့မှ သူလည်း တချို့ကို ရွေးဖို့လိုမှန်း သတိရသွားတော့သည်။ ဒါပေမယ့် သူကမရွေးချင်ဘူး။ ဒီမှာရှိနေတဲ့ အဖိုးတန်ပစ္စည်းတွေဘအားလုံးက စျေးကြီးလွန်းပြီး သူနဲ့မထိုက်တန်ဘူးလေ။ သူက ဒါတွေဝတ်ပြီးလည်း ဘာမှလုပ်စရာမှမရှိတဲ့ဟာ။

ဒါကြောင့် ရှောင်ဟန်မှာ ကလေးတွေနဲ့ ပိုင်မိန်အတွက်ပဲဝယ်ပေးပြီး သူကတော့ မယူလို့မရဘူးလားဟု သူ့ခင်ပွန်းနှင့် ထပ်ညှိချင်နေသော်လည်း သူ့ခင်ပွန်းကမူ သူဘာပြောချင်လဲဆိုတာကို ကြိုသိနေသည့်အလား ကိုယ်တို့သဘောတူပြီးသားလေဟူသော အကြည့်ဖြင့်ကြည့်လာသဖြင့် သူက ပြောမည့်စကားများကို ပြန်မျိုသိမ့်လိုက်ရလေသည်။

နောက်တော့ သူကမတတ်သာတော့ပဲ စားပွဲပေါ်ကအဖိုးတန်ပစ္စည်းတွေကို တစ်ချက်ကြည့်လိုက်ပြီး အသေးဆုံးပစ္စည်းကိုသာ လိုက်ရှာလိုက်၏။ ဒါပေမယ့် ရှောင်ဟန်မသိထားခဲ့တာက စားပွဲပေါ်တင်ထားတဲ့ ပစ္စည်းတွေကသာ စျေးအကြီးဆုံးတွေ ဆိုတာပါပဲ။ အဲဒီမှာ ကျောက်စိမ်းနဲ့ပတ်သက်တာတွေပဲ အများဆုံးရှိနေပြီး ရွှေသီးသန့်ပစ္စည်းတွေကတောင် ဒီမှာဘောင်မဝင်ခဲ့ပါဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now