အပိုင်း (၆၄)

9.4K 1.3K 21
                                    

အပိုင်း (၆၄) မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု -4

"ညီလေးပိုင်ရေ ဒီမှာဘာတွေဖြစ်နေတာလဲ မင်းလမ်းမှာ လုယက်ခံရတာလား"

ဒါကိုကြားတော့ ပိုင်လီက ခပ်တိုးတိုးပြန်ရှင်းလိုက်သည်။

"ဒါကလုယက်တာလို့တော့ ကျွန်တော်မထင်ဘူး ဟွမ်ဟွာက ကျွန်တော့်သားတွေရဲ့အသက်စာချုပ်မှာလက်မှတ်ထိုးပေးဖို့ အကြမ်းနည်းသုံးချင်ခဲ့တာနေမှာ"

ချောင်ရန်ကတော့ လုံးဝအံသြသွားတာပင်။ သူကခဏေလာက္ထိ စကားမပြောနိုင်ဖြစ်နေပြီးမှ အံသြကြီးစွာနှင့်...

"ဟွမ်ဟွာက မင်းကိုအရမ်းမုန်းနေတာများလား ဘာလို့ မင်းရဲ့သားတွေကိုမှ ဒီလောက်အသည်းသန်ဖြစ်နေရတာ ဧကရာဇ်ရဲ့တားမြစ်ချက်ကိုတောင် ချိုးဖောရဲတယ်"

ပိုင်လီကလည်း ဒါကိုနားမလည်ချင်ယောင်ဆောင်လိုက်ကာဖြင့်...

"ကျွန်တော်လည်း ဒါကိုပဲသိချင်နေတာပဲ "

အဲဒီနောက် ပိုင်လီက မနေ့က ပန်းထိုးဖိနပ်ဆိုင်မှာ ယန်စန်းဟွားရဲ့နောက်လိုက်တွေက သူ့ကို ဟွမ်ဟွာကိုလာဖို့ အတင်းကျပ်ဖိတ်ခဲ့ပုံနဲ့ သူက မသွားခဲ့တဲ့အကြောင်းရယ်၊ ဒီနေ့အပြန်လမ်းမှာ ဒီလူတွေနဲ့ ထိပ်တိုက်တွေ့ပြီး သူ့လက်ဗွေကို အတင်းကျပ်ယူဖို့ ဝိုင်းတိုက်ခိုက်ခဲ့တာနှင့် တရားရုံးအရောက်မှာ လက်မှတ်ထိုးထားခြင်းမရှိတဲ့ သူ့သားတွေရဲ့အသက်စာချုပ်သုံးစောင်ကို ဒီလူတွေဆီက တွေ့ခဲ့ကြောင်းကို ချောက်ရန်ကိုအသေးစိတ် ပြန်ရှင်းပြခဲ့သည်။

ထို့နောက် ပိုင်လီက အံသြလွန်းလို့ ခဏတာ ကျောက်ရုပ်ဖြစ်သွားတဲ့ ချောင်ရန်ကိုကြည့်လိုက်ပြီး...

"အဲတာကြောင့် ကျွန်တော်က ဟွမ်ဟွာက ကျွန်တော့်သားတွေနောက် အသည်းသန်လိုက်နေတယ်လို့ သံသယရှိလို့ သူတို့ ဒီထက်ဆိုးတာတွေကို လုပ်မလာခင် ရုံးတော်လူကြီးမင်းကို ယန်စန်းဟွား ကျွန်တော့်အိမ်ကိုလာခဲ့တဲ့ကိစ္စနဲ့ ပန်းထိုးဖိနပ်ဆိုင်မှာ ဖြစ်ခဲ့တာတွေကို ပြောပြပြီး သက်သေတွေခေါ်ချင်လည်းရတယ်လို့ အဆိုတင်သွင်းခဲ့တာ အခုတော့ အကိုကြီးချောင်ကို ဒုက္ခပေးသလိုဖြစ်သွားပြီ"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now