(102)

7.6K 1K 10
                                    

အပိုင်း (၁၀၂) မုဆိုးကြီး၏လျို့ဝှက်ကြံစည်မှု ဖော်ထုတ်ခံရ-2

"အဆင်ပြေပါတယ် ဒီတစ်ခေါက်မရောင်းသေးလည်းရတာပဲ တကယ်တော့ ငါ့မှာ အသီးတွေနဲ့လုပ်ချင်တာလေးရှိတယ်"

ပိုင်လီ၏စကားအဆုံးတွင် လူတိုင်းက ပိုင်လီကို လှည့်ကြည့်လိုက်ကျသည်။ သူတို့ရဲ့မျက်နှာတွေပေါ်မှာလည်း ထင်သားပဲဟူသည့် အကြည့်မျိုးရှိနေပြီး အဲတာက ချောင်လုပိုင်လေးတောင်မှ ပါဝင်ပါတယ်။

လုပိုင်ကအစထဲက လူကြီးတွေရဲ့စကားဝိုင်းကို အာရုံစိုက်နေခဲ့တာဖြစ်ပြီး ဒီအမဲလိုက်တော်တဲ့ ဦးလေးပိုင်က စပျစ်သီးတွေ ရောင်းဖို့အတွက်ကို  အစိုးရိမ်မရှိပဲ အရမ်းအေးဆေးနေတာကို သူကသတိထားမိခဲ့တယ်။

ဒီဦးလေးရဲ့ပုံကို ကြည့်ရတာက သူကသစ်သီးခြံဆောက်ထားပေမယ့် သစ်သီးတွေရောင်းမထွက်မှာကို စိုးရိမ်နေတဲ့ပုံမျိုး လုံးဝကိုမဟုတ်ခဲ့ဘူး။ အဲဒီအစား သူက ရောင်းမထွက်လည်းရတာပဲဟူသည့် ပုံမျိုး အစောထဲက ဖြစ်နေခဲ့တာဖြစ်သည်။

အခုတော့ သူတို့ရဲ့သံသယတွေအတိုင်းပဲ ဒီလူမှာနောက်ထပ် အကြံတစ်ခုရှိနေတာပဲ။

ပိုင်အဖေက နားမလည်တော့ပုံနဲ့...

"မင်း ဒီလောက်စပျစ်သီးတွေအများကြီးနဲ့ ဘာလုပ်စရာရှိတာလဲ စင်ငါးစင်ကထွက်မယ့်စပျစ်သီးတွေက နည်းနည်းလေးမဟုတ်ဘူးနော်"

ချောင်ရန်နှင့် တခြားလူများကလည်း ဒါကိုသိချင်နေသည်ပင်။ ပိုင်လီက ဒီလူတွေရဲ့ဆန္ဒကို ရိပ်စားမိတော့ သူ့ရဲ့ဝိုင်လုပ်ငန်းရည်ရွယ်ချက်ကို ဖွင့်ပြောဖို့အချိန်တန်ပြီဆိုတာကို နားလည်သွားပြီး သူအစထဲက မပြောခဲ့ရတဲ့အကြောင်းမှာ ဒီလူတွေက သစ်သီးဝိုင်ကိုမသိကျသေးပဲ ဝိုင်ဖောက်တဲ့အချိန်ကလည်းကြာမှာဖြစ်လို့ ဒီလုပ်ငန်းမပေါ် မယုံကြည်ရဲဖြစ်မှာကို သူစိုးရိမ်နေခဲ့တာဖြစ်သည်။ ပြီးတော့ ဒီဝိူင်ဖောက်နည်းက ဘယ်ကရသလဲဆိုတာကို သူကသေချာရှင်းပြနိုင်မှာမဟုတ်ဘူးလေ။ ဒါ့ကြောင့် သူက ဝိုင်လုပ်ငန်းလုပ်ချင်၍ သစ်သီးခြံတည်တာဟူသည်ကို အစောကြီး ပေးမသိသေးပဲ ထားခဲ့တာပါပင်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now