မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု

11.8K 1.4K 19
                                    

အပိုင်း (၁၀) မုဆိုးကြီး၏ ပြည့်တန်ဆာအိမ်အားဖောက်ထွင်းမှု

ဆိပ်ကမ်းမြို့ရှိ အကြီးဆုံးပြည့်တန်ဆာအိမ်မှာ မြို့တော်တွင်အခြေစိုက်ထားသော နာမည်ကြီးအပျော်ဂေဟာဟွမ်ဟွာ ရဲ့အခွဲတစ်ခုဖြစ်ပြီး သေးသည်ဟုတော့ဆိုလို့မရပေ။ ဆိပ်ကမ်းမြို့လေးက မြို့တော်နဲ့မယှဉ်နိုင်ပေမယ့် ရေလမ်းကကုန်သွယ်တဲ့ကုန်သည်တွေနဲ့ ရေလမ်းကလာရတဲ့တခြားတိုင်းပြည်တွေက လက်ဆောင်ပဏ္႑ာတွေဟာလည်း ဒီဆိပ်ကမ်းမြို့ကိုပဲဦးဆုံးရောက်တာဖြစ်လို့ ဒီမြို့လေးမှာ သူကြွယ်တွေနဲ့မျိုးရိုးမြင့်တချို့ကို မကြာခဏတွေ့ရတတ်သည်ဟုလည်းဆိုနိုင်၏။

ဒါကြောင့် ဒီမြို့က အကြီးဆုံးပြည့်တန်ဆာအိမ်က နောက်စရာနေရာတစ်ခုတော့မဟုတ်ပါဘူး။

မူလပိုင်လီက သူ့အဆင့်နဲ့ ဆိပ်ကမ်းမြို့မှာ သောင်ကျန်းလို့မရခဲ့သလို ဒီဟွမ်ဟွာမှာလည်း မပျော်ပါးနိုင်ခဲ့ပေမယ့် သူတို့ရွာလေးနဲ့နီးတဲ့မြို့ငယ်လေးက ပြည့်တန်ဆာအိမ်ဟာလည်း ဟွမ်ဟွာရဲ့လက်အောက်ခံတစ်ခုဖြစ်နေပြန်တဲ့အခါ ဤကိစ္စက ဖြစ်ဖို့အကြောင်းဖန်လာခဲ့တော့သည်။

မြို့ငယ်လေးမှာရှိတဲ့ ပြည့်တန်ဆာအိမ်က ဟွမ်ဟွာရဲ့အခွဲတစ်ခုလို့တော့မဆိုလိုနိုင်ပေမယ့် ဆိပ်ကမ်းမြို့ကဟွမ်ဟွာနဲ့ ဆက်ဆံရေးတချို့ရှိပြီး သူတို့ရဲ့လက်အောက်ခံလို့တော့ပြောလို့ရ၏။

မူလပိုင်လီသည် မြို့ငယ်လေးက လောင်းကစားရုံနှင့် ပြည့်တန်ဆာအိမ်တွေမှာ အစဥ်မြဲအချိန်ဖြန်းလေ့ရှိသဖြင့် ထိုမြို့ငယ်လေးရဲ့ မကောင်းတဲ့လမ်းဘက်ကလူတွေကလည်း ပိုင်လီလိုလူ့အမှိုက်ကို သိကျပြီး နန်ချောင်းရွာကရွာသားတွေကလည်း မြို့ငယ်လေးကိုသွားတတ်ကျတာကြောင့် ပိုင်လီမှာ အရမ်းချစ်စရာကောင်းတဲ့ ကောသေးသေးလေးနှစ်ယောက်ရှိတယ်ဆိုတာကို သိထားခဲ့ကျသည်။ ထပ်ပြီး သိထားခဲ့ကျတာက မူလပိုင်လီ သူ့မိသားကိုမချစ်တဲ့အကြောင်းအတင်းဖျင်းတွေပဲပေါ့။

ဟွမ်ဟွာက ပြည့်တန်ဆာအပြင် လူရောင်း၊လူဝယ်တဲ့အလုပ်လည်းလုပ်သေးကာ ဒီတိုင်းပြည်ကအေးချမ်းတယ်ဆိုပေမယ့် ကျွန်စနစ်ကတော့ရှိနေတုန်းဖြစ်ပြီး အတင်းကျပ်ကျွန်ပြုတာကို ဧကရာဇ်ပြင်းပြင်းထန်ထန်တားမြစ်ထားသော်လည်း ကိုယ့်ကိုကိုယ်ရောင်းတာနှင့် မိဘတွေမှရောင်းတာမျိုးဆိုရင်တော့ တရားဝင်နေပါသေးသည်။ ဒါကြောင့်တိုင်းပြည်က မြို့တိုင်းမှာရှိတဲ့ ဟွမ်ဟွာရဲ့အခွဲတွေက မိန်းကလေးတွေနဲ့ကောတွေကို ငယ်စဥ်ထဲက ကြိုဝယ်ယူထားတတ်ပြီး လေ့ကျင့်ပေးပြီးတဲ့နောက် အရည်သွေးကောင်းတဲ့တချို့ကို မြို့တော်သို့ပို့လွှတ်ကာ နယ်ဘက်တွင်ကျန်နေသည့်ကလေးတွေက နယ်မြို့တွေရဲ့ပြည့်တန်ဆာတွေဖြစ်လာကျ၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now