အပိုင်း (၉၃)

9.4K 1.2K 12
                                    

အပိုင်း (၉၃) ရှောင်ရုံဟွာ၏ပြင်းထန်သောမနာလိုမှု-2

ရှောင်ရုံဟွာသည် လူအုပ်ကြားထဲသို့ဝင်တိုးသွားပြီး မသိမသာနှင့် ရှောင်ဟန်၏ခေါင်းနားသို့ သူမလက်ကိုဆန့်ထုတ်ခဲ့ကာ သူမက ဒီဆံထိုးကိုဖြုတ်ချလိုက်ပြီး လူတွေတက်နင်းကျလို့ ကျိုးပဲ့ပျက်စီးသွားတာကို မြင်ချင်ခဲ့ပါတယ်။

သို့သော် သူမ၏ဆုတောင်များ မပြည့်နိုင်မှုမှာ ပိုင်လီ၏ လျှင်လွန်းသောမျက်စိကြောင့်ဖြစ်ပြီး ပိုင်လီကဝိုင်းလာတဲ့လူအုပ်ကြောင့် သူ့မိသားစုဝင်များ မတော်တဆ ထိခိုက်သွားမည်ကို သတိထားနေခဲ့ပြီးဖြစ်သောကြောင့် သူက ရှောင်ဟန်၏ခေါင်းနားသို့  လက်တစ်ဖက်ဝဲလာတာကို မြင်ခဲ့သည်မှာ သိပ်တော့ မထူးဆန်းပါချေ။

အဲဒီနောက် သူက လက်ရဲ့လားရာက ဆံထိုးထံဖြစ်နေတာကို သတိထားမိသွားတဲ့အခါ လူများနေတာကို အခွင့်ကောင်းယူပြီး ဆံထိုးကိုခိုးချင်နေတာဟု ထင်သွား၍ ရှောင်ဟန်၏ခါးကိုဆွဲလိုက်သဖြင့် နေရာရွေ့သွားသောဆံထိုးနေရာတွင် လက်တစ်ဖက်က လေကိုသာဖမ်းမိသွားခဲ့တော့သည်။

အဲဒီအချိန်မှာ လက်ပိုင်ရှင်ကို လှမ်းကြည့်လိုက်တဲ့ပိုင်လီနဲ့ ဆံထိုးကိုဆွဲဖြုတ်မချနိုင်ခဲ့၍ ရှောင်ဟန်ကို ရုတ်တရက်ဆွဲလိုက်သူကို စိတ်တိုစွာကြည့်လိုက်သော ရှောင်ရုံဟွာတို့သည် အကြည့်ချင်းဆုံသွားခဲ့ကျပြီး ရှောင်မိသားစုဝင်တစ်ယောက် ဖြစ်နေတာကိုတွေ့လိုက်ရတဲ့အခါ ပိုင်လီရဲ့မျက်နှာက အနည်းငယ်ပျက်ယွင်းသွားခဲ့တော့သည်။

သူထင်တာက ရှောင်အိမ်ကလူတွေ ကြောက်ဒူးတုန်နေလောက်နေပြီလို့လေ။ ဘာကြောင့် ဒီမိန်းမက လူမြင်ကွင်းမှာ သူတို့ကို ဒုက္ခပေးချင်နေသေးတာလဲ။

သို့သော် ပိုင်လီထင်တာ ဒီတစ်ခါတော့မှားသွားပြီး ယခုလက်ရှိ၌ လူအများ၏အာရုံက ပိုင်လီထံသာရောက်နေကျတာဖြစ်သဖြင့် လူအုပ်နှင့်ရောပြီးပေါ်လာတဲ့လက်တစ်ဖက်ကို ဘယ်သူကမှ သတိမထားမိလိုက်ကျပါဘူး။

ထို့ကြောင့်ရလဒ်မှာ ပိုင်လီကသာ လူမြင်ကွင်း၌ သူဇနီးကို ရုတ်တရက်ခါးဆွဲဖက်လိုက်သလို ဖြစ်သွားခဲ့တော့သည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now