လီဟောင် "………"

ကံကောင်းထောက်မစွာ သူမဟုတ်ခဲ့လို့ပင်။

လီဟောင် အလွန်ပျော်ရွှင်သွားတယ်။ နောက်ဆုံးတွင် အစောတုန်းက ဖြစ်ပျက်ခဲ့သောကံမကောင်းသည့် ဝိညာဉ်အဖြစ်အပျက်များမှ လွတ်မြောက်နိုင်ခဲ့သည်။ ကြည့်ရတာ သူ ၄၈၈ကို ရန်စခြင်းမှရှောင်ကြဉ်ဖို့သာလိုအပ်ပုံပင်။

ပြောရရင် ၄၈၈ရဲ့နာမည်ကိုတောင် ယခုထိမသိသေးပေ။

လီဟောင်လှည့်ကြည့်ကာ .."မင်းတစ်ခုခုလိုအပ်လို့လား" လို့မေးလိုက်တယ်။

ဒါကိုကြားတော့ စုမင်က သူ့အသံကို တမင်တကာလျှော့ချလိုက်တယ် . “ဒါက ဘာမှအရေးမကြီးပါဘူး ... ဒီညက အဲ့လူဘယ်သူလဲလို့ မေးချင်ရုံပါပဲ”

လီဟောင်တခဏတွေးတောပြီး .."ငါတို့ကို ငါးမိနစ်ပဲအချိန်ရမယ်လို့ သတိပေးသွားတဲ့တစ်ယောက်လား?"

စုမင်ခေါင်းငြိမ့်၍ .."ဟုတ်တယ်"

လီဟောင်ခေါင်းခါကာ .."အမှန်တိုင်းပြောရရင် ငါလည်းမသိဘူး၊ ပုံမှန်အားဖြင့် ဧည့်တွေ့ရက်မတိုင်ခင်တစ်ညအလိုတိုင်း သူ့ကိုမြင်နေကျ ... အခြားအချိန်တွေဆို တွေ့မှာမဟုတ်ဘူး"

စုမင်ရှုပ်ထွေးသွားပြီး .."သူဘယ်သူလဲလို့ တစ်စုံတစ်ယောက်ပြောသေးလား?"

"မပြောဘူး" လီဟောင်တခဏအတွင်း သတိရသွားပြီး .."ဒီက ထောင်စောင့်တွေနဲ့ အဆက်သွယ်လုပ်တာမရှိဘူး ... ရုတ်တရက်ရောက်လာပြီး ဘယ်သူမှမသိလိုက်ခင်ထွက်သွားတာပဲ"

စုမင်အံ့သြသွားသည်။ ဒီလိုစကားမျိုး ရုတ်တရက်ပြောလာမယ်လို့ သူမမျှော်လင့်ထားပေ။

လီဟောင်က စုမင်ဒါကိုတွေးနေမှန်းမသိဘဲ သူ့ကိုယ်သူစိတ်ကူးယဉ်နေမှာကို စိုးရိမ်နေမိသည်။  သေချာပေါက် အောက်ခြေမဖြစ်ချင်ဘူး။

၄၈၈သည် ပိန်၍သွယ်လျသောအသွင်အပြင်ရှိသော်လည်း ဤကဲ့သို့သောလူတစ်ယောက်ဖြစ်လာမယ်လို့ သူ မမျှော်လင့်ထားပေ။ သူ့အား တစ်ခုခုလုပ်လိုသောအချိန်တွေမှာ တလွဲလွဲတချော်ချော်ဖြစ်သွားခဲ့သည်မှာ အံ့သြစရာမဟုတ်ချေ။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now