②③

2.1K 109 9
                                    

အနမ်းတို့က  လျှပ်စီးကြောင်းတွေလို စီးဆင်း ဝင်ရောက်ကုန်တာ နှလုံးသားလေးဆီသိ့ု...  ပထမဆုံးဆိုတဲ့ စကားလုံးလေးက သူတို့နှစ်ယောက်ရဲ့ ရင်တွေကို အခုန်မြန်စေတဲ့ လက်နက်တလက်..

"ခဗျား..."
ဟိုဆော့ သူရင်ခုန်သံတွေ ကြားသွားမှာဆိုးလို့ သတိပြန်၀င်လာတဲ့ချိန် ရုန်းကန်လိုက်သည်။

"အား..."

"မင်း ဘယ်လိုလုပ်လိုက်တာလဲ"..
အရှေ့က စဉ့်ပေါက်က သူ့နှုတ်ခမ်းကို ကိုက်ပစ်လိုက်များ နှုတ်ခမ်းပင် ‌ပေါက်သွားရတဲ့ထိ။

"ခဗျားကကော ဘာလုပ်တာလဲ..  ပိုင်စိုးပိုင်နက်နဲ့.... ဖယ်ပေး ခဗျားကို ရဲစခန်းသွားတိုင်မယ်."

"အဟွန်း... ဘယ်လိုတိုင်မှာလဲ.. ကိုယ်က မင်းနှုတ်ခမ်းတွေကို အလိုမတူဘဲ နမ်းလိုက်တယ်ဆိုပီးတော့လား.. အဲ့တာဆိုရင်တော့ မင်းကိုဝိုင်းပီး စကျမှာအမှန်ပဲ..."

"နှာပူးကောင်..."
ဟိုဆော့ ဒီလူရမ်းကားကို ရဲရဲပင် မကြည့်ရဲတော့ ..ဒီလူ သူရင်ခုန်နေတာ သိလ့်ု ရမ်းကားရဲတာလား...

"ဟိုဆော့ မင်းရင်မခုန်ဘူးလားဟင်.."

"ဘာကိစ္စခုန်ရမှာလဲ....ခဗျားလက်တွေကို လွှတ်လိုက်.. နောက်ထပ်အသားမနာချင်ရင်ပေါ့..."

"ဒီမှာကြည့် မင်းကြောင့် ကိုယ့်နှုတ်ခမ်းမှာ သွေးစတွေ စွန်းထင်းကုန်ပီ .."

"အဲ့တာ ခဗျား ရမ်းကားလို့ဖြစ်တာ.."

"ဟိုဆော့... "
ထိုသူ့အသံက ဒေါသတွေပါလာသလိုလို..

"ကိုယ်မင်းနဲ့ ရန်မဖြစ်ချင်သေးဘူးနော်.. ကိုယ့်ရင်ထဲမှာရှိတဲ့ အကြောင်းတွေကို မင်းကိုပြောပြချင်သေးတယ်.. ဒီတခါတော့ ကိုယ့်ရှေ့ကနေ ပျောက်ကွယ်မသွားပါနဲ့.. ကိုယ် တောင်းဆိုတာပါ.."

ဟိုဆော့ ဘယ်လိုလုပ်ရမလဲ.. ကိုယ့်အဖြစ်က ဖေဖေပေးစားတဲ့ လူနဲ့ မယုချင်လို့ ထွက်ပြေးနေပါတယ်ဆို.. အခုတော့ တခါသာတွေ့ဖူးတဲ့ တစိမ်းယောကျာ်းလေးတစ်ယောက်ရဲ့ ရိသဲ့သဲ့ စကားတွေ အောက်မှာ ရင်ခုန်သံတွေ ပြားပြားဝပ်နေရပီ.. ဖြစ်သင့်လို့လား..အဲ့လို..

"ဟိုဆော့.. ကိုယ့်အကြောင်း မင်းကို ပြောပြမယ် နားထောင်မလား.."

Ko Ko(Completed)Where stories live. Discover now