1.7K 178 9
                                    

၁၃နှစ်‌ကြာပီးနောက်🕊️......

မနက်ခင်း အလှနဲ့ အပြိုင် လေညှင်းလှလှလေးတွေ ဆော့ကစားလိုက်လို့ ပန်း၀တ်မှံု‌ေလးတွေ ပျံ့နှံသွားသလို
လှုပ်ရှားသွားလာနေသူအားလုံးရဲ့ စိတ်ကို တဒင်ဂ ယိမ်းယိုင်သွားအောင် ပြုစားခြင်းခံလိုက်ရတာက ခြေလှမ်းလှလှလေးတွေ ကို စည်းချက်ညီညီ လှမ်းပီး လျှောက်လာတဲ့ မိန်းမလှလေး တစ်ဦးကြောင့်...

ကန်တင်းမှာ ရှိနေကြတဲ့ လူအားလုံးရဲ့ မျက်ခုံးတွေဟာလည်း ခြေလှမ်းပိုင်ရှင်လေးရဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ မျက်နှာလှလှလေး နဲ့ နွဲ့နှောင်းလှတဲ့ ခန္တာကိုယ်အချိုးအစားပေါ်မှာ တစ်ဝဲလည်လည်ဖြစ်နေရင်း..

ယုံကြည်ချက်အပြည့်နဲ့ လမ်းလျှောက်လာပီး ပတ်ဝန်းကျင်ကို မေ့လျော့စွာ လိုရာ အရပ်ကို ဦးတည်နေတဲ့ မိန်းမလှလေးဟာ တခြားသူမဟုတ် ဆိုးလ်မြို့ဟွာရန်းတက္ကသိုလ်တခုလုံးရဲ့ အလှဘုရင်မလို့ တင်စားနိုင်လောက်တဲ့ထိ လှပလွနး်သော မိန်းကလေးတစ်ဦး  Lee Loraပင် ....

"ဟဲ့  နင့်မျက်လုံးတွေကို  ရုတ်သိမ်းလိုက်ပါတော့ဟယ် ငါတောင် နင့်ရှေ့မှောက် ရောက်လာပီပဲ.."

ကန်တင်းမှာထိုင်ပီး lorya လာတာကို စောင့်နေရင်း အီဆူး loraအလှတွေမှာ ခဏတာ မြောနေမိတယ်..

"ဟာ loraရယ် နင်ပြောမှ ငါတောင် ရှက်လာပီ.. ကိုယ့်သူငယ်ချင်းကို ပြန်ငေးနေရတဲ့အဖြစ်..
အဲ့တာနင့်ကြောင့်သိလား.."

"ဟဲ့ နင့်ဘာသာ ငေးနေတာ ဘာကိစ္စ ငါ့ကြောင့်ဖြစ်ရတာလဲ."

နီထွေးထွေးနှုတ်ခမ်းပါးလေး လှုပ်ရုံလှုပ်ပီး စကားပြောနေတဲ့ loraကိုပဲ ကြည့်နေမိတာမို့ အီဆူး ဘာစကားမှ ပြန်မပြောမိပြန်ဝူး..

"ဟဲ့ ပြောနေတယ်လေ.."

"အော် အေ အဲ့တာနင့်ကြောင့် .....နင်က ဘာကိစ္စဒီလောက်လှပီး ဆွဲဆောင်မှု့ရှိနေတာလဲ အဲ့တော့ ငါက ကြည့်ပီပေါ့ ငါမပြောနဲ့ နင့်ကို တကျောင်းလုံးက မိန်းခလေး ယောကျာ်းလေးအကုန်ငေးပီး ငမ်းနေကျတာ.."

နှုတ်ခမ်းလေး ကွေးပီး နှစ်နှစ်ရှိုက်ရှိုက် ပြုံးနေပုံက သူမအလှကြောင့်ဆိုသော စကားလေးကြောင့်

Ko Ko(Completed)Where stories live. Discover now