④ပထမ ပိုင်း

1.7K 146 1
                                    

နောက်တစ်နေ့ ကျောင်းရောက်တော့ ချားမင်ဟိုနဲ့ တူတူ သူငယ်ချင်းနှစ်ယောက် ကန်တင်းရဲ့ စားပွဲဝိုင်းတစ်ဝိုင်းတွင် မနက်စာ စားနေကြသည်။
မိုးဥတုရဲ့ မနက်ခင်း ဖြစ်တဲ့အ‌ေလျာက် ညတုန်းက မိုးရွာထားမှုကြောင့် မနက်ခင်းတွေ မြင်သမျှဟာ စိမ်းစိမ်းစိုစိုဖြင့် အေးချမ်းဖွယ်ရာ....
ထိုမှစကာ ဂျီမင်ပိုင်ဆိုင်ထားတဲ့ သာယာဖွယ်နေ့လေးတွေက တစုံတယောက်ကြောင့် ပျက်စီးဖို့အစပြုလာခဲ့လျက်..

"ဟေ့ အဲ့တာငါထိုင်နေကျခုံ ဖယ်ပေး.."

ဟမ် ကန်တင်းကခုံတောင် သူ့ခုံငါ့ခုံ သတ်မှတ်လို့ရတာလားလို့ အံ့သြစိတ်နဲအတူ အသံလာရာလှည့်ကြည့်လိုက်တော့ လှလှပပပုံစံလေးနဲ့မှ  မလိုက် ခက်ထန်နေတဲ့ ကောင်မလေးတစ်ယောက်..

အဲ့လိုသာမပြောဘူးဆိုရင် သူ့ကို ဂျီမင်မော်ဒယ်တယောက်လို သတ်မှတ်ပီး ငေးနေမိမှာအမှန် အခုတော့...

ဆိုင်ထဲမှာထိုင်နေတဲ့ လူတွေရဲ့ အကြည့်တွေက ဘာတွေများဆက်ဖြစ်ကျမှာလဲဆိုပြီး စိတ်ဝင်စားတဲ့ ပုံစံတွေနဲ့ သူတို့နှစ်ယောက်ဆီမှာသာ..

ယောက်ျားလေး တစ်ယောက်အပေါ်ကို အကြောင်းမရှိဘဲ  ရန်လိုနေသည့် မိန်းကလေးအား မည်သို့  ပြန်တုန့်ပြန်မည်ကို အားလုံးက စိတ်၀င်စားနေပုံ။မင်ဟိုကတော့ ကြောင်တောင်တောင်လေးသာ ဖြစ်လျက်....ဖြစ်ဆို ထိုမိန်းကလေး ရည်ရွယ်တိုက်ခိုက်ချင်နေတာက ကိုယ်ဖြစ်နေသည်ကို...ဘာမှပြန်မပြောချင်ပေမဲ့ လူအချင်းအချင်းကို နိုင်ထက်စီးနင်းဆက်ဆံနေတာမို့...

"ကော်ဖီဆိုင်က ခုံကို အဲ့လိုငါ့နေရာ သူ့နေရာလို့ သတ်မှတ်ထားလို့ရတယ်ပေါ့ အံ့သြစရာတော့ကောင်းတယ်နော်.. ဒါပေမယ့် ဆောရီးပါ ငါမသိလို့ထိုင်လိုက်မိတယ် မဟုတ်ရင်ထိုင်ဖြစ်မှာ မဟုတ်ဖူး မာန်တတ်နေတဲ့စိတ်တွေ ကူးကုန်မှာစိုးလို့.."

ဂျီမင်ပြောပီး အပြုံးတွေနဲ့ မင်ဟို့လက်ကိုဆွဲကာ လှည့်ထွက်လာခဲ့ပေမယ့်  ဒေါသတွေနဲ့ ကျန်နေခဲ့တာက Lee loraသာ ...

"တောက် "
Lora တောက်တချက်ကို အလိုမကျစွာခေါက်ပီး

"သူကဘာမိုလို့ ငါ့ကိုပြန်ပြောရဲတာလဲ.. ဟိုတခါ လုပ်ထားတာ မမှတ်သေးဘူးထင်တယ်.. Loraအကြောင်းကောင်ကောင်းသိစေရမယ်"
လို့ ကြိမ်းဝါးနေရင်းကျန်နေခဲ့သည်။

Ko Ko(Completed)Where stories live. Discover now