1.4K 157 14
                                    

‌ဂျောင်ကု ပျော်ရွှင်စွာနှင့်ပင်  အိမ်သို့ ပြန်လာခဲ့သည်။ ဘာလို့လဲဆို‌ေတာ့ သူနဲ့ Loraရဲ့ ငယ်ငယ်က အကြောင်းတွေ အကုန် ပြန်ပြောပြခဲ့သည်။ Loraဟာလည်း သူကို့ အခု စဉ်းစားပေးမယ်ဆိုတဲ့ အဖြေတစ်ခုရခဲ့ပီး ကလေးဆီကနေ ကိုကိုဆိုတဲ့ ခေါ်သံလေးလည်း ပြန်ကြားခဲ့ရခြင်းကြောင့်ဖြစ်သည်။
ဘာဘဲ ဖြစ်နေနေ Loraဆိုတဲ့ ကလေးဟာ ငယ်ငယ်ထဲက ကိုယ့်အပိုင်ဘဲ ...မင်းလေး ကိုယ့်ကြိ ချစ်လာစေရမယ် ကြည့်နေ...

"ဟေး သား ပြုံးလှချည်လား ဘာတွေများ ပျော်လာတာလဲ"

"ဒီလိုပါဘဲ ဒယ်ဒီရာ"

"သားဒီလို ပျော်ရွှင်နေပုံထောက်ရင် ဒယ်ဒီတော့ ချွေးမလေး ရတော့မယ်ထင်တယ် ဟုတ်လား..."

"ဟာ ဒယ်ဒီက တော်လိုက်တာ.."

"တကယ်လား ပြောစမ်းပါအုံး ဘယ်သူ့အိမ်က ကလေးလေးလည်း"

"သူ့ကို ဒယ်ဒီသိပါတယ် သားတို့ငယ်ငယ်က သိပ်ချစ်ခဲ့တဲ့ အဆိုးလေးလေ"

"ဟမ် ဘယ်သူလဲ ငါ့သားကြိုက်တာ  ကောင်လေးလား ဂျီမင်နီးလေးလား"

"သွားစမ်းပါ ဒယ်ဒီရာ သူဖြစ်စရာလား...သားဘယ်လောက် မုန်းခဲ့လဲဆိုတာ ဒယ်ဒီအသိဆုံးဘဲ"

"ဒါဆို Lee Loraလေးလား"

"Right ဒယ်ဒီမှန်တယ်...သား အခု ကလေးဆီက အဖြေရဖို့  လိုက်နေပီ..."

ပြုံးပျော်ကာ စကားပြောနေပုံထောက်ရင် သားအချစ်က Loraလေးအပေါ်မှာ မသေးလှ

"‌ပြောပါအုံး ဘယ်လိုပြန်ဆုံကြလဲဆိုတာ.."

"ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ ဒယ်ဒီရာ။ ပျောက်သောသူတောင် ရှာရင် တွေ့သေးတာဘဲ"

"ဟုတ်ပါပီ ဒယ်ဒီကတော့ သားတို့ လူငယ်တွေ သဘောထားတိုင်းပါ..."

Mr.Jeonထိုသို့ ပြောလိုက်ရပေမယ့် သူတို့ လင်မယားနှစ်ယောက်လုံးက ဂျီမင်နီးလေးအပေါ်မှာသာ အချစ်ပိုခဲ့ကြတာမလား...သားလေးကတော့ ကလေးလေးအပေါ်ကို အမုန်းတွေနဲ့ ခွဲခြားနိုင်ခဲ့ပေမယ့် သူကတော့ ထိုကလေးလေး လေးကို တွေ့ချင်မိတုန်းပင် ။ ဖြစ်ကံပါလို့ ဖြစ်ခဲ့တဲ့ အရာနဲ့ ပတ်သတ်ပီး  ထို‌ငယ်ရွယ်လွန်းသော ကလေးလေးအပေါ်အား သူအပစ်တွေဖွဲ့ပီး မုန်းမနေနိုင်ခဲ့ပါ...သားအတွက်ကျလည်း သားလွန်တယ်လို့ မပြောရက်နိုင်ပေ...
^^^^^^^^^^^^^^^^^^^^^^^^^^^
ယွန်ဂီးတစ်ယောက် လိုအပ်တာလေး ၀ယ်ဖို့ mallကို ရောက်‌နေတာ ဖြစ်ပီး ခုနက အတက်မှာ ချာတိတ်ကို ရုတ်တရက် တွေ့လိုက်ရလို့ အလျင်စလို ပြေးရှာနေမိသည်...

Ko Ko(Completed)Where stories live. Discover now