①②

1.6K 133 13
                                    

လက်စားချေခြင်းက ချစ်ခြင်းမေတ္တာတွေထက် ပိုပြီး ချိုမြနေတာလား.. ဦးတည်ချက်တွေ ရည်ရွယ်ချက်တွေက  တစုံတယောက်ဆီက အချစ်တွေရယူဖို့အတွက် မဟုတ်တော့ဘဲ ယိမ်းယိုင်နေပီလား..
ဂျောင်ဂု ခေါင်းတချက်ခါယမ်းလိုက်ရင်း မဟုတ်ဖူး ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်ဖို့ အခွင့်အရေးကို လက်ဝယ်ပိုင်ဆိုင်နေတာ...
နောက်ဆုံးမှာ ကိုယ်ချစ်ရတဲ့သူဆီက အချစ်တွေလဲရ ကိုယ်မုန်းတီးနေတဲ့သူကိုလဲ နာကျင်ခံစားရစေမှာ..ဒါအကောင်းဆုံး အကြံတစ်ခုဘဲမလား။

ဟား ဘယ်လောက်တောင် ချိုမြန်လိုက်လေလဲ.. ကျေနပ်ခြင်း အပြုံးတပွင့်က ဂျောင်ဂု နှုတ်ခမ်းပါးလေးမှာ နေရာယူနေလျက်...
လိုက်မမှီအောင် ပြောင်းလဲတတ်တဲ့ စိတ်တွေကြောင့် ဖြစ်ချင်တာတွေ ပျောက်ကွယ်ပြီး မမျှော်လင့်ထားတာတွေ ဖြစ်လာတဲ့တနေ့ သူဒီလို ပြုံးပြီး ကျေနပ် နေနိုင်ပါအုံးမလား..
အိပ်စက်မရတဲ့ ညနက်သန်းခေါင်ယံတွေမှာ ကြီးစိုးနေတာ အမုန်းတရားတွေ..

ကုန်လွန်ခဲ့တဲ့ ၁၃နှစ်တာ အချိန်ကာလထဲက မေ့ဖျောက်လို့မရတဲ့ မြင်ကွင်းတွေက မျက်လုံးအိမ်ထဲမှာ တရေးရေးပေါ်လို့နေလျက်...

တောက်....
ဒီအဖြစ်အပျက်တွေကို သူကိုယ်တိုင်လက်မခံချင်.. မေ့ဖျောက်လို့ရရင် မေ့ပစ်လိုက်ချင်ပါတယ်.. ဒါပေမဲ့....

အတွေးတွေနဲ့ အိပ်လို့မရတဲ့အဆုံး လက်လှမ်းလိုက်မိတာ စာကြည့်စားပွဲပေါ်က အိပ်ဆေးပုလင်းလေးဆီသို့..

လိုရာမလှမ်းမိဘဲ လှုပ်ရှားမှုတွေရပ်တန့်သွားတာ ခုံပေါ်က ဖုန်းလေးကြောင့်....

အမှတ်တမဲ့ နှိပ်ပြီးခေါ်လိုက်မိတာက သူလက်စားချေချင်လှပါပီဆိုတဲ့ ကောင်လေးဆီကို...

တူ တူ တူ...

တဖက်ကို ဖုန်းဝင်နေတဲ့အသံကိုနားထောင်ပြီး မဟုတ်သေးပါဘူးဆိုပီး ပြန်ချလိုက်မိတယ်..
သူရူးနေပီလား ဘာလို့ ဆက်ချင်နေရတာလဲ ဒီလိုဖြစ်တာ ဒါနဲ့ဆို ဒုတိယအကြိမ်ရှိပီ..

အချိန်တော်တော်ကြာ ငေးကြည့်နေမိတာ ဖုန်းစခရင်ပေါ်က ထိုကလေးရဲ့ ဖုန်းနံပါတ်လေးကို...
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

Ko Ko(Completed)Where stories live. Discover now