1.6K 136 16
                                    

ဒီနေ့ ဂျောင်ကုတစ်ယောက် မတွေ့တာကြာပီဖြစ်တဲ့ သူငယ်ချင်းနဲ့ ချိန်းထားးသဖြင့် မနက်စာ အိမ်က မစားခဲ့ဘဲ ကော်ဖီဆိုင်တစ်ဆိုင်တွင် စောင့်နေခဲ့သည်....

ထိုစဉ် နောက်ကျောဘက်ဝိုင်းမှာ ရင်းနှီးသော အသံကြောင့် နားစွင့်နေလိုက်သည်...

"ဟဲ့ Lora နင့်ကိုကို ကို တကယ်ချစ်တာလား.."

ဟင် Loraဆိုပါလား ...

"မချစ်ပါဝူး"

Loraဆီက မဆိုင်းမတွအဖြေတစ်ခုကြောင့် ဂျောင်ကု ရင်ထဲ ဆစ်ခနဲ...သေချာပေါက် သူ့က်ု ချစ်မယ်ထင်ထားတာ..

"ဘယ်လို"...အီဆူးလည်း အံ့ဩသွားသည်...

"ဟုတ်တယ် အစကတော့ ရင်ခုန်သလိုလိုနဲ့ နောက်‌တော့ ပုံမှန်ပါဘဲ...သိတယ်မလား Loraဆိုတဲ့ ငါ့ဘ၀မှာ ဘယ်ယောက်ျားမှ မချစ်ဖူးသေးတာ..."

"ဒါဆို အခာတလော ဘာလို့ သူနဲ့ တွဲနေတာလဲဟ.."

Lora ကော်ဖီကို မော့‌ေသာက်လိုက်က
ပီး မဲ့ပြုံးတစ်ချက်ဆင်မြန်းကာ...

"ဟိုတစ်ယောက်ကို အနိုင်ယူချင်လို့..."

တစ်ဖက်က စားပွဲဝ်ုင်းက ဂျောင်ကုကတော့ လက်သီးကို တင်းတင်းစုပ်ထားမိကာ..
လုပ်ရက်လိုက်တာ Loraရယ်...ငယ်ငယ်က သံယောဇဉ်တွေ‌မှမထောက်..

"ဟိုတစ်ယောင်ဆိုတာ..."

ဂျောင်ကုလည်း ဘယ်သူလည်းဆိုတာ သိချင်နေတာနဲ့ နားစိုက်ထောင်နေချိန်တွင်..

"ဟေ့ရောင် ဂျောင်ကု ရောက်တာကြာပီလား...ဆောရီး နည်းနည်း နောက်ကျသွားတယ် "

"ပတ်ဂျီမင်..."

သူနဲ့ချိန်းထားသော သူငယ်ချင်းရောက်လာတာတောင် သတိမထားမိ...နားစိုက်ထောင်နေတုန်း သူငယ်ချင်းက စကားပြောလိုက်တာကြောင့် သေချာမကြားလိုက်ရ...

"အာ မကြာသေးပါဝူးကွာ ရပါတယ်"

"ဒါနဲ့ မင်းက ပြန်ရောက်တာ ကြာပီလား...နိုင်ငံခြားကို ပြန်အုံးမှာခလား.."

"ဟင့်အင်း ဒယ်ဒီက ဒီမှာဘဲ အခြေချချင်တော့တယ်ဆိုလို့ အပြီးပြန်လာခဲ့တာ..."

ဂျောင်ကု သူငယ်ချင်းနဲ့တွေ့ပီး လမ်းခွဲကာ ပြန်လာတဲ့ တစ်လျှောက် ကားမောင်းနေရင်း စဉ်းစားနေမိတာက ...

Ko Ko(Completed)Where stories live. Discover now