20

1.9K 120 16
                                    


ကယောင်ကတမ်းတွေ လျှောက်အော်နေခြင်းက အိမ်မက်ဆိုးတွေကြောင့်လား.. ဒါမှမဟုတ် ရူးသွပ်သွားဖို့အတွက် လမ်းစတွေလား..

"Loraမရှုံးဘူး.. loraမရှုံးဘူးနော်... ကိုကို့ကို အရမ်းချစ်တယ်နော်. ... ဒီပွဲနိုင် loraနိုင်တာနော်..."

Mr.Lee သမီးဖြစ်သူကိုကြည့်ပီး စိတ်မကောင်းဖြစ်နေယုံမှတပါး..နီရဲပီး ယောင်နေတဲ့ ပါးပြင်နှစ်ဖက်ကို ခဏမျှငေးကြည့်ပီး မျက်နှာလွှဲသွားခဲ့တာ မကြည့်ရက်လို့...

ပြိုင်ပွဲတခုလို့ သတ်မှတ်ပီး ပြိုင်ဆိုင်လာတဲ့ ဒီပွဲမှာ အရှုံးတွေကို လက်ဝယ်ပိုင်ဆိုင်လိုက်ရတော့ ခံစားရတာ မချိမလှ...

Lora မရှုံးဘူးဆိုပီး ကယောင်ကတန်းတွေအော်ဟစ်နေပေမဲ့ သုံးရက်မြောက်နေ့အထိ သူမ နိုးထမလာသေး.. ..

ရုတ်တရက်ဆိုသလို သူမမျက်လုံးတွေ ဖွင့်လာပီး ထထိုင်လျက်..

"ငါ့အရုပ်တွေဘယ်မှာလဲ.. ငါ့အရုပ်တွေဘယ်မှာလဲ... ငါ့အရုပ် ပတ်ဂျီမင် ဘယ်မှာလဲလို့... မေးနေတယ်လေ မကြားဘူးလား..."

ဆေးရုံတစ်ခု တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းထဲက ထွက်ပေါ်လာတဲ့ ဒေါသသံတွေနဲ့ ရူးကြောင်ကြောင် စကားတွေ...

"သမီးလေး သမီး စိတ်ထိန်းအုံးလေ..."

"ဖေဖေ Lora မရှုံးဘူးနော် မရှုံးခဲ့ဘူးနော် Lora အမြဲအနိုင်ရခဲ့တာနော်..."

"ဟုတ်ပါတယ် သမီးရယ် ငါ့သမီးလေးက အမြဲတမ်း အောင်နိုင်သူပါ..."

သူမ မျက်နှာထက်မှ စီးဆင်းလာတဲ့ မျက်ရည်ကြောင်းတွေ... ပြန်ကြားယောင်နေတဲ့ စကားသံတွေက ရင်ဘက်ထဲကို သံမှိုတွေနဲ့ ထိုးဆွနေသလို နာကျင်နေလျက်..

"မဟုတ်ဘူး အဲ့တာတွေအမှန်မဟုတ်ဖူး... မဟုတ်ဖူး..  မဟုတ်ရဘူး...သွားရင်ဆိုင်ရမှာ ဟုတ်တယ် ငါသွားရင်ဆိုင်မယ်... ကျုံးရုန်းထလိုက်တော့ လက်ကနာကျင်သွားလျက်.."

"အား.."
ဆေး သွင်းထားတဲ့ အပ်ကို ဆွဲဖြုတ်ဖို့ ကြိုးစားနေရင်း...

"သမီး နေကောင်းသေးတာမဟုတ်ပဲ နောက်နေ့မှသွားလေ.."

"မရဘူး loraအခု သူတို့နဲ့တွေ့ရမှကို ဖြစ်မယ်....သွားတွေ့ပီး ပတ်ဂျီမင်ကို စာရင်းရှင်းရမှာ..."

Ko Ko(Completed)Where stories live. Discover now