①⑧

2.1K 142 13
                                    

ပတ်ဂျီမင်နဲ့ ကိုကိုရဲ့ ကြည်နူးနေကျတဲ့ပုံတွေ.. ကားနားမှာ ကိုကိုက ဟိုကောင့်ကို နမ်းလိုက်တာကအစ ကိုကို့ရဲ့အကြည့်တွေကိုပါ အချိန်အဆမိမိ ရိုက်ထားတဲ့ ရိုက်ချက်တွေကို ကြည့်ရင်း...လက်ထဲကိုင်ထားတဲ့ ဖုန်းကို ပေါက်ခွဲပစ်လိုက်သည်...

"ခွမ်း..."

"ဟာ သွားပီ.. "အာမေဋိတ်သံတွေက သံပြိုင်..

ဖုန်းပိုင်ရှင်ကတော့ ကျေကွဲဖွယ်ရာအတိနှင့်..အဲ့တာ သွားပြချင်အုံးဆိုပီး ကျိန်ဆဲလိုက်မိတယ်..ဒါပေမယ့် သူ့သူငယ်ချင်းကို သိစေချင်လို့ အီဆူးသေချာပြလိုက်တာပါ

အရှိန်ပြင်းလားမပြင်းလား မေးနေစရာမလိုသလိုအောက် တစ်စဆီကွဲထွက်သွားသော ဖုန်းလေးက သက်သေ

"တောက်...."

ပြင်းထန်လှတဲ့ တောက်ခေါက်သံက ကျယ်လောင်စွာ ထွက်ပေါ်လာရင်း..

အတန်းထဲကလူတွေ အသက်မှရှူကျပါသေးရဲ့လားမသိ.. ဒေါသတွေနဲ့ loraမျက်နှာကို မသိမသာ အကဲခတ်ကြည့်နေရုံမှတပါး...

"အီဆူး..ဆောရီး ညနေကျမှဖုန်းအသစ်ပြန်ဝယ်ပေးမယ်.."

အီဆူးခေါင်းညိတ်ပြလိုက်မိတယ်..

loraရဲ့ဖြူနုနေတဲ့ မျက်နှာဟာ ဒေါသကြောင့်  အရောင်တွေပြောင်းလဲနေလျက်...

"ပတ်ဂျိီမင် တွေ့ကျသေးတာပေါ့.." ဟုရေရွတ်ပီး အခန်းအပြင်ထွက်ဖို့ပြင်လိုက်တော့... ရာသီဥတုက ကိုယ့်ဘက်ပါနေလားမသိ .. တွေ့ချင်သူကို ရှာနေစရာမလိုဘဲ အလိုအလျောက်ရောက်လာတာ..

"ဟွန်း..."

ကိုကို့ဆီက ကြားလိုက်ရတဲ့ ချစ်တယ်ဆိုတဲ့ စကားက အမှန်တကယ်လား လိမ်ညာမှုလားဆိုတာ အဖြေရှာလို့မရ.. လှည့်စားခြင်းလား.. အလစ်ဝင် တိုက်ခိုက်ခြင်းလား...စိတ်ရင်းမှတ်တွေပဲလား မသဲကွဲ..

အတွေးတို့နဲ့လျှောက်လာခဲ့တာ စာသင်ခန်းထဲသို့... ဒီနေ့အတွက် အချိန်တိုင်းက ကံမကောင်းနိုင်ဘူးဆိုတာ မတွေးခဲ့မိတဲ့ အဆုံးမှာ...

"ဖြန်း ...ဖြန်း..."

နာကျင်မှုကို ခံစားလိုက်ရမှ ကိုယ့်ပါးကို ဘယ်ပြန်ညာပြန်ရိုက်ခံရမှန်းသိအောင် အလစ်ဝင်သုတ်မှုက မြန်ဆန်စွာ..

Ko Ko(Completed)Where stories live. Discover now