④ဒုတိယ ပိုင်း

1.5K 127 4
                                    

ဂျီမင်လည်း ခေါင်းသုတ်ရင်း ငြိမ်ငြိမ်လေးထိုင်နေလိုက်သည်

နှယောက်လုံး ဘာစကားမှမပြောပဲ တလမ်းလုံးတိတ်ဆိတ်နေလျက်..

"ရှေ့နားဆို ရောက်ပီ.. ဒီနားမှာပဲ ရပ်ပေးတော့ လမ်းလျှာက်ပီးပဲ သွားလိုက်တော့မယ်.."

"ဘာလဲ ကိုယ့်ကို ဧည့်ခံရမှာဆိုးလို့လား...  "

"မဟုတ်ပါဘူး မားပြောနေမှာစိုးလို့ပါ.. "

"အိုကေလေ ဒါဆို ကိုယ်သွားတော့မယ် နောက်မှတွေ့ကျတာပေါ့.."

"အခုလို ကူညီတဲ့အတွက် ကျေးဇူးတင်တယ်ဗျ"

အော် ကပ်စီးနဲက ကျေးဇူးတင်စကားတော့ ပြောတတ်သားဟ..
Jungkook ခေါင်းတစ်ချက် ငြိမ့်ပြခဲ့ပီး မောင်းထွက်လာခဲ့တော့သည်။

ဂျီမင် ကားထွက်သွားတဲ့ထိ ရပ်ကြည့်နေမိပီး ကိုယ့်ကိုယ်ကိုယ် သတိထားမိတာက ထိုလူ့မျက်နှာကို နှစ်ကြိမ်လုံး မမြင်ဖူးသေးပေမယ့် မျက်လုံးလေးကို မြင်နေရုံနဲ့တင် နှလုံး ခုန်နှုန်းမြန်လာသလို ...တကယ်ဆို ခုချိန်ထိ ကိုကိုကလွဲရင် ဘယ်ယောက်ျား မိန်းမအပေါ်ကိုမှ ရင်မခုန်ဖူးသေး...သူဟာ ကိုကိုတစ်ယောက်ထဲကို ချစ်ဖို့ ဖြစ်တည်လာသလို ...
အခုတော့ သူစိမ်းတစ်ယောက်ကို ကိုကိုနဲ့ တူတယ်ဆိုရုံနဲ့ ရင်ခုန်နေစရာလား ဂျီမင်ရယ်...သူကဖြင့် ဟိုဂုဏ်မောက် မာနကြီးတဲ့ မိန်းကလေးကို ကြိုက်နေတာလေ....နောက်တစ်ခါတေယ့ ထိုလူနဲ့ ထပ်မတွေ့ချင်တော့ ကြာလာရင် မလွယ်တော့ဝူး....

"မား‌ေရ သားပြန်ရောက်ပါပီ."

"ဟော သားငယ်‌ေလးမိုးမိလာသေးတာလား မား အိတ်ထဲမှာ ထီးထည့်ပေးလိုက်တယ်လေ ထုတ်မဆောင်းဘူးလား.."

"ဟီး ...သား မိုးရည်တွေထဲမှာ လမ်းလျှောက်ချင်လာလို့မား ."

ပတ်ခ်ဆိုနာ သားဖြစ်သူကို ကြည့်ပီး စိတ်မကောင်း... ငယ်ငယ်ထဲက အဖော်မင်တတ်ပီး အစွဲလမ်းကြီးတဲ့ သား‌ေလးက အတိတ်က အဖြစ်အပျက်တွေကို အခုထိ သတိရနေတုန်းပဲ.. သေချာပါတယ် မိုးရွာတဲ့နေ့တွေမှာ သားလေး သူ့ကိုကို ကို ပိုလွမ်းနေမှာ...

"သားငယ်‌ေလးခေါင်းတွေ ပြောင်အောင်သုတ်နော် မား ကော်ဖီဖျော်ပေးထားမယ် ဟုတ်ပီလား."

Ko Ko(Completed)Where stories live. Discover now