1.5K 136 13
                                    

"အား အခုမှဘဲ ကိုယ့်မြေကိုယ့်ရပ်ရဲ့ လေကို တ၀ကြီးရှုရတော့တယ်"

ဒီနေ့ဟာ မင်ယွန်ဂီးတစ်ယောက် LAမှာ စီးပွားရေးနဲ့ ပတ်သတ်တာ လေ့လာပီး ကိုယ့်နိုင်ငံကိုယ် ပြန်လာခဲ့ပီဆိုပါတော့...
၅နှစ်ကြာအောင် ဟိုမှာဘဲ ကျောင်းတတ်ခဲ့ရတော့ ကိုယ့်မွေးရပ်မြေကို ပြန်လာတုန်း ကားပတ်မောင်းချင်သဖြင့် ဒယ်ဒီကြိုခိုင်းထားသော ဒရိုက်ဘာကို ပြန်လွှတ်လိုက်ကာ ကိုယ်တိုင်းဘဲ မောင်းလာခဲ့သည်။
ထိုအချိန်တွင်....
"ဒုန်း "

"ဟာ သွားပီ"
ယွန်ဂီးတစ်ယောက် အရှေ့က ပြိုင်ကားလေးရပ်ထားတာက်ို မထိတထိလေး တိုက်မိတော့ အပြေးလေးဆင်းလာကာ တောင်းပန်ခဲ့သည်။ ကိုယ်က ခုမှ ဒီမှာ ကားစမောင်းဖူးတာဆိုတော့ ကိုယ်မကျွမ်းကျင်မှု‌ေကြာင့် တစ်ဖက်လူကို စိတ်ကျေနပ်အောင် တောင်းပန်ရမှာဘဲမလား

ယွန်ဂီးဆင်းလာပီးချိန်တွင် တစ်ဖက်ကားမှ မိန်းကလေးဟာလည်း ဆင်းလာခဲ့သည်။

"ဒီမယ် ရှင် ကားတစ်စီးလုံးရပ်ထားတာကို မမြင်ဝူးလား ကန်းနေလား။ ဇာတ်လမ်းရှာချင်နေတာလား"

အစက မင်ယွန်ဂီးတစ်ယောက် ပြေပြေလည်လည် ပြောမယ်ဆိုပီး ဆင်လာပေမယ့် တစ်ဖက်က ကားပေါ်က ဆင်းလာတဲ့ မိန်းကလေးဟာ ဟိုပေါ်ဒီပေါ် ၀တ်စုံဖြင့် ဆင်းလာကတည်းက ဒေါင့်မကျိုးစွာ....

"ဒီမယ် အမိ မင်းရဲ့ ဟိုပေါ်ဒီပေါ် ခန္ဓာကိုယ်ကြီးကို ငါမြင်နေရသေးလို့ မျက်လုံး မကန်းဝူးဆိုတာတော့ ယုံပီမလား....ပီးတော့ မင်းပုံစံက ငါဇာတ်လမ်းရှာချင်လောက်တဲ့ အနေအထားမဟုတ်ဖူး...ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေတာကိုလျှော့..ငါတော့ သွားပီ"

မင်ယွန်းဂီး ဘာမှမကူညီဘဲ ပြောပီးပီးချင်ပင် ထွက်ချလာခဲ့တော့သည်.....

"ဒီ‌မှာ ဟေ့လူ ဒီမှာ တောက် လူပါး၀လိုက်တာ..."

Loraတစ်ယောက် စွေ့စွေ့ခုန်ကာ ကျန်ခဲ့တော့သည်....

^^^^^^^^^^^^^^^^^^^^^^^^^^^
ယွန်ဂီးတစ်ယောက် စောစောက ကိစ္စကြောင့် ကိုယ့်နိုင်ငံကို  ရော‌က်ရောက်ချင်း စိတ်မကြည်တော့ ....

အခုလည်း မီးပွိုင့်တွင် ကားလမ်းကြပ်နေသဖြင့် နဂို သူ့ဗီဇအတိုင်း စိတ်မရှည်စွာ စောင့်နေရသည်...
ထိုစဉ် လမ်းတစ်ဖက် ပလက်ဖောင်းပေါ်သို့ အကြည့်ရောက်သွားချိန်တွင်...
လမ်းပေါ်မှာ lollipop လေးတစ်လုံးကို စုတ်ပီး လမ်းလျှောက်နေတဲ့ သေးသေးကွေးကွေး ကောင်လေးကို မြင်လိုက်ရချိန် ရုတ်တရက် ရင်ဘက်ထဲမှ ခုန်ပေါက်သွားသ‌လို...
ခပ်ထူထူ နှုတ်ခမ်းလေးကို မြင်လိုက်ရချိန် ရေငတ်သွားသလိုပင်...

Ko Ko(Completed)Where stories live. Discover now