1.5K 135 9
                                    

မင်ယွန်ဂီးဟာ အေးအေးဆေးဆေးနေရတာ ကြိုက်သည့်အလျှောက် သူ့ဝါသနာ တစ်ခုဖြစ်တဲ့ ပုံဆွဲခြင်း အနုပညာမှာလည်း ကျွမ်းကျင်စွာ..
ဒီနေ့ အခန်းထဲမှာ စိတ်လိုလက်ရာ ပန်းချီပံုတူတစ်ခုကို ဆွဲနေမိသည်။ထိုပုံတူသည် တစ်ခြားသူမဟုတ် သူ့နှလုံးသားထဲမှာ ဆွဲထင်နေတဲ့ သူ့ရဲ့ ရင်ခုန်သံ ချာတိတ်ငယ်လေးပုံပင်....
"သားရေ ယွန်ဂီး"

"ဗျာ ဒယ်ဒီ"

ပုံဆွဲနေတုန်း အောက်ထပ်မှ ဒယ်ဒီ့အသံကြားသဖြင့် ထူးလိုက်သည်..

"နေ့လည်စာ စားရအောင်လေ .ဒယ်ဒီအောက်က စောင့်မယ်နော်"

"ဟုတ် ဒယ်ဒီ သား အခု ဆင်းခဲ့မယ်"

ဆွဲလက်စ ပံုလေးကို အလှင်အမြန် လက်စသတ်ရင်း ထပ်တွေ့ချင်တယ် ကောင်လေးရယ်...ဘယ်ဆီမှာများ ရှာရမလဲ.....

^^^^^^^^^^^^^^^^^^
Loraတစ်ယောက် လပမ်း‌ေရာက်ရင်း ဖုနး်ပြော‌ေနရာာမှ ရုတ်တရက် ခြေစုံရပ်လိုက်သည်နှင့် တစ်ပြိုင်တည်း အနောက်ဘက်ဆီ ကျောပြင်ပေါ်တွင် ခပ်နွေးနွေ အရာတစ်ခုကို ခံစားလိုက်ရသည်

ဒေါသထွက်စွာ လှည့်ကြည့်လိုက်သော သူမုန်းလှပါပီဆိုတဲ့ ကောင်လေး...

"ဒီမယ် နင်ဘယ်လို လုပ်လိုက်တာလဲ"

ဂျီမင်နဲ့ မင်ဟို ကော်ဖီခွက်ကိုင်ကာ လမ်းလျှောက်လာရင်း ‌အလျှင်စလို ပြေးလာသော အရှေ့တည့်တည့်မှ လူတစ်ယောက်အား ရုတ်တရက် ရှောင်လိုက်ရင်း ကော်ထီတစ်ချို့ ဖိတ်စင်သွားသည်...

ဒီနေ့ဟာတော့ ဂျီ့အတွက် မကောင်းသော နေ့တစ်နေ့လိုပင် ပြောရမလား...

"ဟို တောင်းပန်ပါတယ် ။ငါ သေချာ လုပ်တာ မဟုတ်ပါဝူး လူရှောင်လိုက်ရင်း ဖိတ်သွားတာနဲ့ မင်းက ရုတ်တရက် လမ်းလျှောက်နေတာ ရပ်လိုက်တာနဲ့ ကြုံသွားလို့ပါ တကယ်ပါ..."

"ငါကတော့ ငါ့ကို သေချာလုပ်လိုက်တယ်လို့ ထင်တာဘဲ"

"မဟုတ်ပါဝူး ငါတောင်းပန်ပါတယ် ...သေချာလုပ်တာ လုံး၀ မဟုတ်ပါဝူး"

"ငါက မကျေနပ်ဖူးဆိုရင်ရော"

"ငါ မင်းကျေနပ်အောင် ဘာလုပ်ပေးရမလဲ ။ အကျီအခု ချက်ချင်း ၀ယ်ပီး ပြန်လျော်ပေးရမလား..."

Ko Ko(Completed)Onde histórias criam vida. Descubra agora