①⑨

2.1K 137 5
                                    


တစ်ခါတလေမှာ ကိုယ်ဖြစ်ချင်တာတွေဖြစ်ရဖို့အတွက် စကားလုံးတွေကို အမိန့်ဆန်ဆန်သုံးပီး ပြောလိုက်ရတဲ့ အခိုက်အတန့်တွေ ရှိခဲ့တယ်...လူတိုင်းမှာလဲ ရှိလိမ့်မယ်လို့ ထင်ပါတယ်..

"သား ယွန်ဂီး ခဏ..."

"ဗျာ ဒယ်ဒီ.."

"သား နဲ့ ဒယ်ဒီ ကတိထားခဲ့ကျတဲ့ စကားကို သားမှတ်မိသေးလား.."

"ဗျာ.."

"သားအတွက် ပေးထားတဲ့ အချိန်တွေက လုံလောက်မှုရှိပီလို့ ဒယ်ဒီယူဆတယ်သား..".

"ဒယ်ဒီပြောတာက..."

"ဘာလဲ အတိတ်မေ့သလို ရွှေပျောက်သလို လုပ်နေတာလား.."

"သား ချစ်သူကို ဒယ်ဒီ့ဆီကို ခေါ်မလာနိုင်ရင် ဒယ်ဒီ သဘောတူထားတဲ့ ကောင်လေးကို လပ်ထပ်ရမယ်ဆိုတာလေ.."

ယွန်ဂီး စိတ်ညစ်သွားသည်... တခါမှ မမြင်ဖူး မတွေ့ဘူးတဲ့ တစ်စုံတယောက်ကိုလက်ထပ်ရမယ်ဆိုတာ သူ ညံ့လို့မဟုတ်ဖူးလား... ညံ့တယ်လို့တော့ မဆိုသာပါဘူး..  ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ချစ်တဲ့သူ စိတ်ချမ်းမြေ့ ပျော်ရွှင်ဖို့အတွက် ပေးဆပ်ခဲ့ရလို့သာ.. 

ကိုယ်က ပျော်ရွှင်အောင် မထားပေးနိုင်လို့မဟုတ်ပါဘူး.. အမြစ်တွေ လို ကုတ်တွယ်နေတဲ့ သံယောစဉ် ကြိုးမျှင်တွေကို မဖျက်ဆီးချင်လို့ အလိုက်တသိနဲ့ ရှောင်ခွာပေးခဲ့တာပါ.. မင်းကို မချစ်လို့မဟုတ်ပါဘူး ချာတိတ်ရယ်.. ပေးဆပ်ခြင်းတွေ ပြည့်နေတဲ့ အချစ်တွေနဲ့ မင်းကို ကိုယ်ချစ်ခဲ့တာပါ...

"သား.."
ဆွေးသွားတဲ့ သားဖြစ်သူ မျက်နှာကို ကြည့်ပီး သူ မပြောချင်ပေမဲ့ ဆက်ပြောမှဖြစ်မှာ မဟုတ်လား..

"သား.. ဒယ်ဒီတို့ လူကြီးချင်း ပြောထားတဲ့ စကားတွေလည်း ဒယ်ဒီ တည်ချင်တယ်ကွာ။ အခု သားအတွက် ဒယ်ဒီ ဟိုဘက်ကို တောင်းပန်ပီး အချိန်ဆွဲထားခဲ့တာ....အခု‌ေတာ့ သား ဒယ်ဒီ့ ဆန္ဒတွေကို သားဖြည့်စည်းပေးရ‌ေတာ့မယ်လို့ ထင်တယ်...သားကို အခွင့်အရေးပေးထားခဲ့ပီးပီဆိုတော့ ဒီတခါ ဒယ်ဒီ့စိတ်တိုင်းကျ လုပ်ခွင့်ပေးပါ.. "

"ဟုတ် ဒယ်ဒီ  သား လက်ခံပါ့မယ်..အခုတော့ သား အပြင်ခဏသွားလိုက်အုံးမယ်..."

Ko Ko(Completed)Where stories live. Discover now