②②

1.9K 114 14
                                    

ဂျောင်ဂု မေ့မျောနေတဲ့ ကလေးငယ် ကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ အော်ဟစ်နေမိသည်။

"ကလေး.. ထပါအုံး ကိုကို ပြောစရာရှိလို့.. ကလေးမရှိရင် ကိုကိုဘယ်သူနဲ့ နေရမှာလဲ။ ကိုကို့ကို စကားလေးတော့ ထပြောပါအုံး ကိုကို  စိတ်ပူလို့ပါ.. ကိုကို့ကို မကျီစားပါနဲ့.. "

မေ့မြောနေတဲ့ ခန္တာကိုယ်ကို ထွေးပွေ့ထားပီး စကားတွေပြောနေခဲ့တာ မရပ်မနား... ရင်ထဲမှာ မွန်းကြပ်ပူလောင်မှု စိုးရိမ်ပူပန်မှုတွေက မီးလျံတွေရဲ့ အဟုန်အတိုင်း တိုးပွားလို့နေလျက်... ဒီချိန်မှာ သူ့ရင်ထဲက စိုးရိမ်ခြင်းအတိုင်းအဆကို ဘယ်သူမှ နား‌လည်ပေးနိုင်မယ် မထင်။သူ ရူးတော့မလိုပင် ဖြစ်နေပီ။ ကလေးသာ ပြန် မနိုးလာ‌ောတ့ရင် သူသေမှာ...

ချက်ခြင်းဆိုသလိုရောက်မလာတဲ့ လူနာတင်ကားကို အပြင်တင်နေမိတာ အကြိမ်ကြိမ်... လောကကြီးနဲ့အဆက်သွယ်ပျက်နေတဲ့  လူနာနှစ်ယောက်ကို သူဘယ်လိုလုပ်‌ေပးရ‌ေတာ့မှာလဲ.. သွေးထွက်လွန်ပီး ကလေးအသက်သာ အသက်ဆုံးရှုံးသွားရင်ဆိုတဲ့ အတွေးနဲ့တင် သူ့မှာ ရူးမလို......

"ဟင့်အင်း မဖြစ်ရဘူး.. မင်း ကိုယ့်အနားကနေ ဘယ်ကိုမှ ထွက်မသွားရဘူး.."
လူနာတင်ကားရဲ့ အချက်ပေးအော်သံတွေ... ရဲကားသံတွေ စုဆုံလာတော့ ကလေူခန္တာကိုယ်လေးကို ပွေ့ချီပီး လူနာတင်ယာဉ်ဆီကို ပြေးသွားလိုက်သည်။

"အမြန်လုပ်ပါ.. လူနာ သွေးထွက်လွန်တော့မယ်... မြန်မြန်လုပ်ပါဗျာ.. ဟိုနားက တစ်ယောက်ကို သွားခေါ်ပီး ဆေးရုံကို အမြန်သွားရအောင်... ကျွန်တော်တောင်းပန်ပါတယ် မြန်မြန်လေးလုပ်ပေးပါ..."

ရဲကားပေါ်က သက်ဆိုင်ရာ ရဲမှူးဆီကို အပြေးသွားပြီး မြေပြင်ပေါ်မှာလဲကျနေတဲ့ Lee Lora ကိုလက်ညှိုးထိုးပြီး
"ဆရာ သူ့ကို ဆရာတို့လက်ထဲအပ်ပါတယ်... အပြစ်ပေးပြီး တာဝန်ရှိတဲ့အတိုင်း ဥပဒေအတိုင်းသာ ဆောင်ရွက်ပေးပါ..."

သူ ထွက်သွားချင်ပေမဲ့ နောက်ဆံတင်းနေခဲ့တာ Lora ရဲတွေလက်ထဲက လွတ်မြောက်သွားမှာဆိုးလို့.. သူမကို အလွတ်မပေးနိုင်..  သူမ ထောင်ထဲ ရောက်သွားမှ သူ စိတ်အေးနိုင်မှာ..

Ko Ko(Completed)Where stories live. Discover now