②①

1.8K 120 9
                                    


ဂျီတစ်ယောက် ချစ်ခြင်း မုန်းခြင်း ပြိုင်ဆိုင်ခြင်း ရှုံးနိမ့်ခြင်းအလျင်းမရှိတဲ့ သီးခြားကမ္ဘာကြီးကို ရောက်ရှိနေတာ  မေ့ဆေးရဲ့အရှိန်ကြောင့်...

ကြောက်မက်ဖွယ် ကြိမ်းဝါးသံတွေ..  ကျေနပ်စွာ  ဟားတိုက်ရယ်မောသံတွေ ..အရူးတယောက်လို ကြွေးကြော်သံတွေနဲ့ ဝေးနေရတာ အကောင်းသား..
ကြားနေရတဲ့သူအဖို့ကတော့ နားကလောလှစွာ...

"ဟား... ဟား..ဟား.... ပတ်ဂျီမင် ပတ်ဂျီမင်နောက်ဆုံးတော့ နင်ငါ့လက်ထဲ ရောက်လာတာပါပဲလား.. စိတ်တော့မကောင်းလှပါဘူး ပတ်ဂျီမင်. ဒီကမ္ဘာမှာ နင်မရှိတော့မှ ပျော်ရွှင်ရမယ်ဆိုတဲ့ ငါ့ရဲ့စိတ်ဆန္ဒအရ နင့်ကို အားလုံးနဲ့ဝေးရာကို ထွက်သွားအောင် လုပ်ပစ်ရလိမ့်မယ်... "

မေ့မြောနေတဲ့ အသိမဲ့ ခန္တာကိုယ်ကို ခါရမ်းကာ စကားတွေပြောနေတာ စိတ်မနှံ့သူပမာ..

"ကိုကိုလား.. နင့်ကို ချစ်တာမဟုတ်ဖူး... နင့်ကိုမုန်းနေတာ.. နင်မမြင်ဘူးလား ကိုကို့မျက်လုံးထဲမှာ ငါ့ကို ချစ်နေတဲ့အရိပ်ယောင်တွေကိုလေ.. ငါ့အချစ်တွေကို စမ်းသပ်ဖို့ နင့်ကို အသုံးချခဲ့တာ.. နင်ကသာ ခွေးလို သခင့်နောက်ကို အမြီးနှံ့ပြီး လျှောက်လိုက်နေတာ.. အရူးကောင်ရဲ့။.. ဒီတသက်နင် ကိုကို့ကို ပိုင်ဆိုင်ရမယ်တော့မထင်နဲ့... "

ကားမောင်းနေတဲ့ ယောင်ဆူး မမလေးရဲ့ စကားတွေကို စိတ်ပျက်လာမိတာတော့အမှန်.. ရင်ထဲက လာတဲ့အချစ်ကို လုပ်ယူလို့ ရလို့လား... ဒီအတိုင်းဆို ပတ်ဂျီမင်ဆိုတဲ့ကောင်လေး ငယ်ငယ်ရွယ်ရွယ်နဲ့ သေ‌ဆုံးသွား‌ေတာ့မှာလား

သူကကော သူဘယ်လိုလုပ်ရမလဲ.. ကျေးဇူးရှင်တွေအတွက် ပေးဆပ်ရမှာလား.. ဒါမှမဟုတ် အပြစ်မဲ့တဲ့ ကောင်လေးကို ကယ်တင်ရမှာလား.. ရွေးချယ်စရာ နှစ်ခုက သူ့အတွက်တော့ ခက်ခဲလှစွာ...

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဂျောင်ဂု အစည်းအဝေးပီးတော့ ည ၈နာရီ ထိုးနေပီဖြစ်သည်။ ကလေးငယ်လေးကို တစ်နေကုန် မတွေ့ရ၍ လွမ်းလှသည်။ပင်ပန်းနေပေမယ့် ကလေးငယ်ရဲ့ အသံလေး ကြာလျှင် သူ့စိတ်အစုံ သက်သာသွားမှာ အသေအချာဖြစ်သောကြောင့် ကလေးငယ်ဆီ ဖုန်းဆက်လိုက်သည်။

Ko Ko(Completed)Where stories live. Discover now