ထောင်ထဲမှာ ထူးထူးခြားခြား သေဆုံးရတာနဲ့ယှဉ်ရင် စုမင်ဟာ တရားဥပဒေအရ လက်စားချေတာကိုပိုနှစ်သက်တယ်။

"သူမသေစေဖို့ ငါတို့မျှော်လင့်တာနဲ့ သူမသေဘူးလို့မဆိုလိုဘူးလေ" ဖုန်းရှုကျွမ့် စောင်ခေါက်လျက် .."ငါ ဒီကနေမကြာခင်ထွက်ရပါစေလို့ပဲ မျှော်လင့်တယ်"

"မင်းထောင်သက်တမ်းဘယ်လောက်ချမှတ်ခံရတာလဲ?" စုမင်မေး၏။

ဖုန်းရှုကျွမ့်ပြုံးကာ .."တစ်နှစ်"

စုမင်ခေါင်းတငြိမ့်ငြိမ့်ပြု၏။ သူ့ထက်အတန်ငယ်နည်းသည်။ ယင်းဇီသည် သူတို့အနက်မှ သက်တမ်းအကြာဆုံးဖြစ်နိုင်သော်လည်း ဤရုပ်ရှင်၏အဆုံးတွင် သူတို့အားလုံးသက်တမ်းများကို အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားရုပ်ရှင်တွေနဲ့မတူဘဲ ပြည်တွင်းရုပ်ရှင်တွေကို ဘယ်လိုပဲရိုက်ချင်နေပါစေ အဲဒါကို တရားဥပဒေနဲ့ စိစစ်ပြီး ပြီးအောင်လုပ်ရသေးသည်။ ဇာတ်ဆောင်များသည် တရားမျှတမှု၏ ကြီးမြတ်သော ကိုယ်စားလှယ်ဖြစ်ရန် မလိုအပ်သော်လည်း အလွန်အကျွံလုပ်ရန် ခွင့်မပြုပေ။

ထိတ်လန့်ဖွယ်ရာဇာတ်ကားများသည် ခြွင်းချက်မဟုတ်ပေ။

ထို့ကြောင့် သူ့ဇာတ်ကောင်၏ ရာဇ၀တ်မှုသည် မတော်တဆ လူသတ်ခြင်းဖြစ်သည်။ စည်းမျဥ်းစည်းကမ်းများနှင့်ကိုက်ညီစေရန် ဤကဲ့သို့သောအသေးစိတ်အချက်အလက်များကို ပြောင်းလဲရမည်။

သူတို့ပြောနေကြစဉ် ယင်းဇီရေချိုးခန်းထဲမှ ထွက်လာသည်။
"ငါတို့မနက်စာစားဖို့နောက်ဆယ်မိနစ်ကျန်သေးတယ်"

"ဒီနေ့ အကိုဟောင်ကိုအာရုံပိုစိုက်ကြရအောင်" စုမင်ပြောသည်။

အစ်ကိုဟောင်နဲ့ အဆက်အသွယ်ရတဲ့အချိန်က သိပ်မများပေ။ မနက်နဲ့နေ့လယ်ကြား အစားစားချိန် တစ်ချိန်ချိန်ဖြစ်ကောင်းဖြစ်နိုင်သည်။

ဆယ်မိနစ်လောက်စောင့်ပြီးမှ စပီကာနဲ့ ဝီစီသံမြည်လာတယ်။

အကျဉ်းတံခါးတွေသည် တစ်ခုပြီးတစ်ခုပွင့်လာပြီး မနက်စာအတွက် အကျဉ်းသားများပျင်းရိစွာတန်းစီကြကာ အရာအားလုံးသည် နေ့စဉ်အတိုင်းစတင်လာသည်။

To be a Heartthrob in a Horror Movie(Myanmar Translation)Where stories live. Discover now