ဟူး မုန်းတီးစက်ဆုပ်ဖွယ် မြင်ကွင်း ဟိုးအဝေးကို လွင့်စင်ထွက်သွားစမ်း..

ဘာလဲ ငါက ကိုကို့ကို သဝန်တိုနေတာလား.. ဒါမှမဟုတ်ဂျီမင် အနိုင်ရသွားမှာကို ကြောက်တာလား..
ကိုကိုက အစက ငါ့ကို ချစ်နေပီး ပတ်ဂျီမင်ကို မုန်းနေတာပါဆို ဘာကိစ္စ ချက်ချင်းပြောင်းလဲသွားရတာလဲ..
ဘာလဲ ကိုကိုက ငါ့ကို ရွဲ့ချင်တာလား..
ဘာပဲဖြစ်ဖြစ် ကိုကို ငါ့အလှတွေ ငါ့ရဲ့ ထက်မြက်မှုတွေမှာ ဝပ်ဆင်းနေရမယ်.....

ဘာဖြစ်နိုင်လဲ..စဉ်းစားစမ်း Lora....အကြောင်းစုံသိရမှ နင် ကိုကို့ကို ပြန်ပိုင်ဆိုင်ရမှာ...

ဟွန်း.. စောင့်ကြည့်နေလိုက် Loraရဲ့ ဗျူဟာတွေနဲ့ ကိုကို Loraအနားကို ပြန်ရောက်အောင်လုပ်ပြမယ်...

ဟွန်း ဟွန်း..

တစ်ယောက်ထဲ အကြံဉာဏ်တွေထုတ်နေရင်း ပူလောင်နေတဲ့ Loraဟာလည်း ဘယ်ချိန်ကြမှ အမှန်တရားကို လက်ခံတော့မလဲ....

^^^^^^^^^^^^^^^^^^
"ဒူ ဒူ  ဒူ..."

ဖုန်းရဲ့ တုန်ခါမှု့ကြောင့် ဂျောင်ဂုဖုန်းကို ကြည့်လိုက်တော့ Lora...

"ဟယ်လို ကိုကို Loraကို တခုလောက်ကူညီပါလား..."

"အွန် ပြောလေ Loraကိုယ်ဘာကူညီရမလဲ.."

"ဟို Lora ဒီနေ့ကျောင်းသွားဖို့ကို ကားက ဆေးရုံတင်ထားရတယ်လေ.. အဲ့တာကြောင့် ကိုကို ဖြစ်နိုင်ရင် Loraကို လာခေါ်ပေးပါ့လား.."

"ဟို Lora ကိုယ်က.."

သူ ချက်ချင်းဆိုသလို လာခေါ်မယ်လို့ ပြောလိုက်ချင်ပေမဲ့ နဲနဲတော့ မူရအုံးမှာမို့..

"ဘာလဲ ကိုကို အဆင်မပြေဘူးလို့တော့ လာမပြောနဲ့နော် Lora စိတ်ဆိုးလိုက်မှာ.."

"ဟုတ်ပါပီဗျ ကိုယ် လာခေါ်ပါမယ် Loraစောင့်နေလိုက်.."

"အိုကေ ကိုကို "

ဒီနေ့အဖို့တော့ သူ ဟိုကလေးကို သွားမခေါ်နိုင်တော့..
ချွဲပစ်ပစ် အသံလေးရဲ့ ဆွဲငင်မှု့အောက်မှာ သူ မငြင်းဆန်နိုင်ခဲ့..

^^^^^^^^^^^^^^^^^^^^^^^^^

အငှါးကားလေး ပေါ်မှာ ထိုင်ပြီး ကျောင်းသွားနေတဲ့ ဂျီမင့်အဖြစ်က ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တွေထဲက နေ့တနေ့လို.
လာမကြိုဘူးဆိုတာ သိနေပေမဲ့ သူ ကိုကို့ မျှော်နေမိဆဲ.ပင်

Ko Ko(Completed)Where stories live. Discover now