အခန်း ၁၂၄ ။ ခွေး ခွေးချင်းကိုက် (၁)

241 18 1
                                    

အခန်း ၁၂၄ ။ ခွေး ခွေးချင်းကိုက် (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
================

နောက်တစ်နေ့ မနက်ခင်းတွင်, မနက်စာ
စားပြီးနောက်လူတိုင်းဟာ နန်ချန်း မြို့စျေးကို သွားကြတယ်။ 

သူတို့ဟာ လရဲ့ ပထမရက်နဲ့ တစ်ဆယ့်ငါးရက် နေ့တိုင်းမှာ ထိုနေရာသို့ သွားခြင်းဖြင့် ​စျေးသွားခြင်းရဲ့ဓလေ့ထုံးတမ်းကို ထိန်းသိမ်းထားခဲ့တယ်။ စျေးက အတော်ကြီး ပြီး အနီးနားရွာတွေမှ ရွာသားအားလုံးနီးပါး လာကြတယ်။

ချောင်မိုယွီ ဟာ လွန်ခဲ့တဲ့ ညက ကောင်းကောင်းအိပ်ပျော်ခဲ့ပြီး ဒီမနက်ခင်းတွင် အစောကြီး နိုးလာခဲ့တယ်။ သူမက ဘာ မိတ်ကပ်မှ မလိမ်းဘဲ သူမရဲ့ ဆံပင်ရှည်ကို ​ဖွတ်မြီးကျစ် နှစ်ခု သာမန်ကာလျှံကာ ကျစ်လိုက်တယ်။ အနောက်ကနေဆိုရင်, သူမက တောင်တွေထဲမှာ ကြီးပြင်းလာတဲ့ အမျိုးသမီးငယ်လေး တစ်ယောက် ပုံပေါက်နေတယ်။

ချင်းချန်းချန် က သူမကို ပြုံးပြပြီး,
" မိုယွီ, နင် ကမ္ဘာကြီးကို ပိုနှိမ့်ချဖို့ ကြိုးစားနေတာလား? နင် ပန်းပွင့်အများကြီးပါတဲ့ ဝတ်စုံ ဝတ်ထား ပိုကောင်းတယ် ဘာလို့ဆို နင်သာဝတ်လိုက်ရင် , ၁၀ လီ နဲ့ ရွာ ရှစ်ရွာက အမျိုးသားငယ်တွေ နင့်အတွက် သေချာပေါက် ရူးသွပ်သွားကြလိမ့်မယ်!"

(ET/N: လီ — အရှည်အလျား ရဲ့ အတိုင်းအတာတစ်ခု =ခန့်မှန်းခြေ ၅၀၀ မီတာလောက်)

သူငယ်ချင်း နှစ်ယောက်ဟာ ထောင့်နားက
နေရာတစ်ခုကို ရှာတွေပြီး ပြင်ဆင်ထားတဲ့
ဆီစိမ်စက္ကူအဝတ်ကို မြေပြင်ပေါ် ဖြန့်ခင်းလိုက်တယ်။ သူတို့က ကူရှင်လေးနှစ်ခုကို နေရာချပြီး ပန်းကုံးတွေရောင်းဖို့ စတင်လိုက်တယ်။အခြားတစ်ဖက်တွင်, ရှင်းဝမ်ရွှမ်းက ချောင်မိုယွီကို အထင်အမြင်သေးစွာ ကြည့်နေတယ်။

ချောင်မိုယွီက အရန်အစီအစဥ်တစ်ခု ရှိ​နေတယ်လို့ သူမ(ရှင်းဝမ်ရွှမ်း)  တကယ်တွေးခဲ့ပေမဲ့ သူမက တကယ်ကြီး ပန်းကုံးတွေ သွားရောင်းမယ်ဆိုတာ ဘယ်သူ သိမှာလဲ?

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now