အခန်း ၄၁ : မျက်နှာချင်းဆိုင် တွေ့ဆုံခြင်း(၈)

1.2K 202 4
                                    



Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ; February 18, 2023
==================


အခြားတစ်​ဖက်​တွင်​ , ဖြစ်​စဉ်​တစ်​ခုလုံးကို
မြင်​လိုက်​တဲ့ ရှင်းရီချန်းက စုံတွဲကို ​အေးစက်​စွာ
စိုက်​ကြည့်​​နေခဲ့တယ်​ ။ ဒီမိန်းမက လိုက်​ဖို့
အခြား ပစ်​မှတ်​ တစ်​ခုကို ​ပြောင်းသွားတာပဲ ။
ဟား ဟား , သူမ​ ​ခေါ်တဲ့ ချစ်​ခြင်း​မေတ္တာ ဆိုတာ ဒါလား? ​ဈေး​ပေါတဲ့ မိန်းမ! ရှင်းရီချန်း
နဲ့ ရှင်းဝမ်​ရွှမ်းဟာ ဆန့်​ကျင်​ဘက်​ စင်​​ပေါ်မှာ
ရှိ​နေတဲ့ ​ချောင်​ရုံဟွမ်​ဆီ သူတို့ရဲ့ အာရုံစိုက်​မူ
ကို မ​ပြောင်းခင်​ တစ်​​ယောက်​နဲ့ တစ်​​ယောက်
နူတ်​ဆက်​လိုက်​ကြတယ်​ ။ ​နောက်​တွင်​ ,
အစီစဉ်​တင်​ဆက်​သူက အပြန်​အလှန်​တုံ့ပြန်​မူ
theatre အတွက်​ ဖန်​​တွေ ပြင်​ဆင်​ထားတဲ့
ဇာတ်​ညွှန်း အနည်းငယ်​​ကို ​ရွေးချယ်​လိုက်​တယ်​ ။အချို့ဟာ​တွေက အ​တော်​ရယ်​​မောရ
တဲ့ ပုံစံ​တွေဖြစ်​ပြီး ​လေထုကို ပိုပြီး တတ်​ကြွ
လာ​အောင်​ ပြုလုပ်​​နေတယ်​ ။

အပြန်​အလှန်​ တုံ့ပြန်​မူ theatre အများစုမှာ
ချောင်​မိုယွီ မပါဝင်​တဲ့အတွက်​ , သူမရဲ့ အချိန်
အများစုကို စင်​​ထောင့်​မှာ တိတ်တဆိတ်​နဲ့
သာမန်​ကျကျ ရပ်​ရင်းကုန်​ဆုံးတယ်​ ။ ဒါ​ပေမဲ့
သူမရဲ့ သ​ဘောထားက သတင်း​ထောက်​​တွေ
အ​ပေါ် ​ကောင်းမွန်​တဲ့ ထင်​မြင်​ချက်​တစ်​ခု
ကျန်​​စေခဲ့တယ်​ ။

နောက်​ဆုံး​တောင်းဆိုချက်​က ရှင်းဝမ်​ရွှမ်း
ကပြ​ဖော်​​ဖြေရမဲ့ talent ရိုး တစ်​ခုဖြစ်​သည်​။
သူမဟာ ငယ်​ငယ်​​လေးထဲက ဘယ်​လိုကရမယ်
ဆိုတာ သင်​ကြားခဲ့တာ​ကြောင့်​ စိတ်​​ဝိညာဉ်​ကို
မွှေ​နှောက်​နိုင်​တဲ့ ဓား​ရေးအကကို ကနိုင်​သည်​။
အောက်​မှ ဖန်​​တွေဟာ ကျယ်​​လောင်​စွာ
လက်​ခုပ်​သြဘာ​ပေးကြတယ်​ ။ သူတို့ရဲ့
အ​ကောင်းဘက်​ကျတဲ့ တုံ့ပြန်​မူကို မြင်​တဲ့အခါ, ရှင်းဝမ်​ရွှမ်း က သူမ ဓားရှည်​ကို မ ပြီး
တောက်​ပစွာ ပြုံးခဲ့ကာ , သူမရဲ့ အ​စောပိုင်းက
ချုပ်​တည်းထားတဲ့ တည်​ငြိမ်​အပြုံးနဲ့ လုံးဝ
မတူကွဲပြား​နေတယ်​ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now