အခန်း ၁၂၃ ။ သူ့ကို မငြင်းပယ်နိုင်ဘူး (၃)

246 23 2
                                    


အခန်း ၁၂၃ ။ သူ့ကို မငြင်းပယ်နိုင်ဘူး (၃)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
================

ယဲ့ဖေးချန် အခန်းထဲက ထွက်သွားတဲ့အချိန်,
သူ့ခြေသံတွေက အရမ်း တိတ်ဆိတ်နေတယ်။သူက လှေကားဆီ တတ်တော့မဲ့
အချိန် သူ့ခြေထောက်ရှေ့၌ ငွေစက္ကူ အတော်များများ ရှိနေတာကို သူ တွေ့လိုက်ရတယ် ။

သူက ကိုင်းညွှတ်ပြီး ပိုက်ဆံကို ကောက်ယူ
လိုက်တယ် ။ ပိုက်ဆံတွေက အတု မဟုတ်
တာကို သူနားလည်လိုက်တာကြောင့် သူဟာ
ချက်ချင်း ခေါင်းရူပ်သွားခဲ့တယ် ။ မကြာသေးမီက ,သူ့ခန္ဓာကိုယ် မှာ ဘုရားသခင်ရဲ့ ချမ်းသာကြွယ်ဝခြင်းတွေ ပိုင်ဆိုင်ထားပုံပေါ်တယ်,သူ အမြဲတမ်း မြေကြီးပေါ်က ပိုက်ဆံ ရှာတွေ့တယ် ။

မြေကြီးပေါ်က သူ့ ပိုက်ဆံတွေ့တဲ့အချိန်တိုင်း;သူဟာ သူ့ပတ်ဝန်းကျင် အနီးတစ်ဝိုက်က လူတွေကို ပိုက်ဆံ ပျောက်သလား မေးခဲ့တယ်။ သို့သော်လည်း, ဘယ်သူမှ သူတို့ ပိုက်ဆံ မပျောက်ကြဘူး။ ဒါက သူ့ငယ်ငယ်က သင်ကြားခဲ့ရတဲ့ ကလေးကဗျာ ကို သူ့အား အမှတ်ရစေတယ်:" ကျွန်တော် လမ်းဘေးက တစ် ပဲနိကောက်ရခဲ့ပြီး ၎င်းကို ထိန်းသိမ်းဖို့ ရဲအရာရှိဆီ ကျွန်တော်
ပေးခဲ့တယ်..."

ယဲ့ဖေးချန်ဟာ သူ့ခေါင်းထဲ စွဲနေတဲ့ ထို သီချင်းကို ခါထုတ်လိုက်တယ်။ သူက ပိုက်ဆံကို အဝေးထားပြီး မနက်ဖြန်တွင် အခြားသူတွေကိုသူတို့ပိုက်ဆံ ပျောက်လား မေးဖို့ စီစဥ်လိုက်တယ်။

ယဲ့ဖေးချန် နေရာမှ မိုင်ထောင်ချီ
အဝေးတစ်နေရာ ၌, ဖေဖေယဲ့ ရဲ့ ဖုန်းက
မြည်လာတယ် ။ သူ့ကို ဖုန်းခေါ်လာတဲ့ သူ့ရဲ့
လက်ထောက်ကပြောလာတယ်,
" ဥက္ကဌ ယဲ့, [အစ်ကိုယွီ, ကျေးဇူးပြုပြီး ငါနဲ့နေပါ]နဲ့ စပ်လျဥ်းတဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက် အချို့ ကျွန်တော် တွေ့ပါတယ်!"

" ကောင်းတယ်, ငါ့ကို ပြော" ဖေဖေယဲ့ဟာ
ပရိုဂရမ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မူ ကို ကြည့်ပြီးသွားခဲ့ကာ လက်ရှိတွင် ရေချိုးပြီးတာ ဖြစ်သည်။သူက ခံစားချက်ကောင်းမွန်နေသည် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now