အခန်း ၄၇ ။ အတိတ် (၂)

1.1K 168 2
                                    

အခန်း ၄၇ ။ အတိတ် (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: March 11 , 2023
========================


မူလပိုင်ရှင်ရဲ့ မှတ်တမ်းမှာ လော့လော့ရဲ့
ကိုယ်ဝန် အကြောင်း ကို သူမ မြင်လိုက်ရတဲ့အခါ
ချောင်မိုယွီ ထိတ်လန့်သွားခဲ့တယ် ။

အောက်တိုဘာလ ၅ ရက် ၂၀၁၅ ခုနှစ် ။
ငါ ရူးသွားပြီလို့ ငါထင်တယ်.. ဘာလို့ဆို
ငါ မတွေးဝံ့တဲ့ အရာတစ်ခုခုကို လုပ်လိုက်
တယ် ။

ကောကော ရီချန်း ဟိုတယ်သွားတာကို ငါသိ
ခဲ့တာကြောင့် ငါ သူ့နောက်လိုက်ခဲ့တယ် ။

အဲ့ဒါက မှောင်နေတဲ့ အခန်း တစ်ခန်း ပြီးတော့
အမျိုးသားတစ်ယောက်ရဲ့ အသက်ရူသံကို
ငါ ကြားနိုင်တယ် ။ ငါ ကြောက်ရွံ့နေပင်မဲ့
ဒါက ငါ့ရဲ့ တစ်ခုတည်းသော အခွင့်အရေးဆို
တာ ငါသိတယ်!

ငါ သူ့ဆီကို သွားတဲ့အခါ သူက ငါ့ကို အိပ်ယာ
ထဲ ဆွဲခေါ်ပြီး ငါ့ အဝတ်တွေကို တစ်စ စီ ဖြစ်
အောင် ဆုပ်ဖြဲ ပစ်တယ် ။

ငါကြောက်တယ် ။ သူဘာကြောင့် ဒါကို လုပ်လဲ
ငါ မသိဘူး ။ သူငါ့ကို ယုရုံဟွမ် နဲ့ မှားနေတာ
လား?

ငါ့ တစ်ကိုယ်လုံး နာကျင်နေတယ် ။ သူက ငါ့ကို
ဘယ်လို သနားဂရုဏာထားရမယ်ဆိုတာ မသိပင်မဲ့ သူ့အမျိုးသမီး ဖြစ်ရတာ ငါပျော်တယ်...

ချောင်မိုယွီ ဒါကို ဖတ်လိုက်တဲ့အခါ သက်ပျင်း
ချလိုက်မိတယ် ။ ဒီက မူလပိုင်ရှင်ရဲ့ လုပ်ဆောင်
ချက်တွေကို သူမ တကယ် သဘောမတူနိုင်ဘူး။
တစ်စုံတစ်ယောက်ကို သဘောကျတဲ့ လူတစ်
ယောက်ဟာ သူတို့ရဲ့ ကိုယ့်ကျင့်တရားကို နှိမ့်ချ
ပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ လုပ်ရပ်တွေကို
ကျူးလွန်ဖို့တောင် တုံ့ဆိုင်းမနေတဲ့အထိ သူတို့ရဲ့
ဆင်ခြင်တုံ တရားတွေ ဆုံးရူံးသွားနိုင်ပါ့မလား?

နောက်ပိုင်း သူမရဲ့ ဒိုင်ယာရီထဲမှာ,မူလပိုင်ရှင် ဟာ အပြန် မရှိဘဲ အဆုံးအစွန်ထိနက်ရိူင်းတဲ့ အမှောင်ထုထဲ တဖြည်းဖြည်း  ကျသွားတာကို သူမ မြင်
ခဲ့ရတယ်။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now