အခန်း ၁၀၄ ။ ကျွန်မကို ယုံပါ (၂)

341 26 2
                                    

အခန်း ၁၀၄ ။ ကျွန်မကို ယုံပါ (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  January  21  ,  2024 (Sunday)
======================

ထိုအခိုက်အတန့်တွင် host တစ်ယောက်က
သူမရဲ့ တူနဲ့ အနီရောင် ငါး နှပ် အပိုင်း
တစ်ခုကို ကောက်ယူလိုက်တယ် ။ သူမ မျက်လုံးတွေက တောက်ပ သွားကာ မှတ်ချက်ပေးလာခဲ့ တယ်,
" မိုယွီ, မင်းဘာလို့ ဒီလို ကောင်းမြတ်တဲ့
ဇနီးကောင်း တစ်ယောက်ဖြစ်နေတာလဲ?
ဒီအရသာ က အရမ်းကောင်းတယ်! မိုယွီ, မင်းမှာ ချစ်သူကောင်လေး ရှိလား?
မဟုတ်ရင်, မင်း မှာချစ်သူ ကောင်မလေး
ရှိလား? မင်း တို့ကို ဘယ်လို ထင်လဲ?"

သူတို့ဘေးတွင်, ချင်းချန်းချန်က မခံချင်အောင် စလာတယ်," ကျွန်မလဲ သူမကို လက်ထပ်ချင်တယ်, ကျွန်မတို့က PK တွေ ဖြစ်နိုင်တယ်! "
(player kill)

ကင်မရာမန်းက: " ကျွန်တော့်ကိုပါ ရေတွက် လိုက်!"

" ရှင် သူမကို လက်ထပ်ချင်တာလား?"
host က မခံချင်အောင် စတော့တယ်,
" ရှင့်ရဲ့ အမေအိုကြီးက သဘောမတူမှာ
ကျွန်မ ကြောက်မိတယ်, ဟုတ်တယ်မလား?"

" မိုယွီ, ကျွန်တော် မင်းကို ကျွန်တော့်
အမေ ဆီအလည် ခေါ်သွားလို့ ရနိုင်မလား?"
ကင်မရာမန်းက စိတ်အားထက်သန်စွာ
မေးလာ ခဲ့တယ် ။

ချောင်မိုယွီက ရယ်မောရင်း သူမဟာ ကြွပ်ရွ
တဲ့ ငါး အပိုင်းတစ်ခုကို ကောက်ယူပြီး
၎င်းကို ဟင်းပွဲမှ အလှမ်းဝေးနေတဲ့ ယဲ့ဖေးချန်ကို ပေးလိုက်တယ် ။

" ကျေးဇူးတင်ပါတယ် " သူက ပေါ့ပါးတဲ့ အပြုံးတစ်ခု နှင့် လက်ခံလိုက်တယ် ။

ဒီက စည်ကား အသက်ဝင်နေတာနဲ့ ယှဥ်ရင်,
အခြား အဖွဲ့နှစ်ဖွဲ့က စကားမပြောနိုင်
ဆို့နင့်နေကြတယ် ။

ရှင်းဝမ်ရွှမ်းရဲ့ တစ်ယောက်စားပွဲ ငါးကလဲ
ပြုတ်ချက်ပင်ဖြစ်သည် ။ စွပ်ပြုတ်ကို အရသာအနည်းငယ် ပိုကောင်းအောင် ပြုလုပ်ရန် အလို့ငှာ သူတို့ဟာ စားကြွင်းတွေထဲက လက်ဖဝါးအရွယ်
ငါး အသေးကို အားပါးတရ ပွက်ပွက်ဆူစေတယ်။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now