အခန်း ၁၂၂ ။ သူ့ကို မငြင်းပယ်နိုင်ဘူး (၂)

181 24 2
                                    

အခန်း ၁၂၂ ။ သူ့ကို မငြင်းပယ်နိုင်ဘူး (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
=================

ဤတစ်ချိန်လုံး သူ့ဘေးမှာ သူမဘယ်လောက်ကြာအောင် ရှိနေ လဲ သူတကယ် သတိမထားမိဘူး ဆိုတာ သိလိုက်ရတယ်!

ရှင်းရီချန်းဟာ ချောင်ရုံဟွမ်ကို မြင်တဲ့အချိန်
သူ ဒီနေ့ သူမကို ဘာ အာရုံစိုက်မူမှ မပေးဘူး
ဆိုတာ သူ နားလည်လိုက်တယ် ။

သူက ယဲ့ဖေးချန်ရဲ့ နောက်ကျောပေါ်တွင်
ငြိမ်းချမ်းစွာ အိပ်ပျော်နေတဲ့ ချောင်မိုယွီကို
ကြည့်ဖို့ လှည့်လိုက်တယ်။ ထိုမြင်ကွင်းကို
မြင်ရတာက သူ့ရဲ့ စိတ်အနှောက်အယှက် ဖြစ်မှုကို အစွန်းအစွန်ဆုံး သို့ မြင့်တတ်သွားအောင်ပြုလုပ် နေကာ သူ့ရှေ့က မြက်ခင်း ပြင်ပေါ်မှ မြေစာ ကို ကန်ထုတ်လိုက်တယ်။ ရှင်းရီချန်းဟာ ရှေ့သို့ အလျင်အမြန် လမ်းလျှောက်သွားတော့မဲ့ အချိန် သူ့ မျက်လုံးများ အနီး၌ တစ်စုံတစ် ခု လက် သွားတာကို သူ မြင်လိုက်ရတယ်။

သူက မသိစိတ်အရ သူ့ခေါင်းကို လှည့်ပြီး
ချောင်ရုံဟွမ်က လက်ပတ်နာရီ ဝတ်ဆင်ထားတာကို သတိပြုမိလိုက်တယ်။ လွန်ခဲ့တဲ့ တစ်ခဏက,၎င်း လက်ပတ်နာရီဟာ လရောင်ဖြင့် အလင်းပြန်ပြီး သူ့ရှေ့ကို အလင်းတန်းတစ်ခု တောက်ပသွားခဲ့တယ်။

လက်ပတ်နာရီကို သူ မြင်ပြီးနောက်,
လက်ပတ်နာရီအောက်က အမာရွတ်ကို သူ
မတတ်နိုင်စွာ တွေးမိသွားတယ်။ ချောင်ရုံဟွမ်အတွက်ရှိနေတဲ့ သူ့ရဲ့ ကျေးဇူးတင်တဲ့ ခံစားချက်တွေကြောင့် သူ့နှလုံးသားထဲက မီးဟာတဖြည်းဖြည်း ငြိမ်းသွားခဲ့တယ်။ လွန်ခဲ့တဲ့ညက,သူမက မကောင်းတဲ့ စကားအနည်းငယ် ပဲ ပြောခဲ့တာ။ အတိတ်မှာ,  သူက သူမကို အမြဲတမ်း အလျော့ပေးခဲ့တာကြောင့် အဲ့ဒါကပြသနာကြီး တစ်ခု မဟုတ်ဘူး။ ဒါပေမဲ့ ခုတလော သူ ဘာဖြစ် နေ တာလဲ? ဒီတစ်ကြိမ်မှာ သူ သူမကို ဘာကြောင့် မချော့တာလဲ?

အတိတ်မှာ သူမက သူ့အသက်ကို ကယ်တင်
ပေးခဲ့တာ ။ အဲ့ဒါကိုမှ ထပ်ပေါင်းရရင်,
သူတို့ရဲ့  ဆက်ဆံရေး နှင့် တစ်ဦးနဲ့တစ်ဦး
ရဲ့ ခံစားချက်တွေက အစစ်အမှန်တွေပဲ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now