အခန်း ၇၂ ။ သူ့ကို ကယ်တင်ခဲ့တဲ့ မိန်းကလေး (၁)

727 98 1
                                    

အခန်း ၇၂ ။ သူ့ကို ကယ်တင်ခဲ့တဲ့ မိန်းကလေး (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: June 3 ,    2023 ( Saturday   )
========================

ယဲ့ဖေးချန် ရဲ့  အကြံဥာဏ် စကားကြောင့်,
ရုပ်ရှင်ပြန်စရိုက်တဲ့အခါ, ချောင်မိုယွီ ဟာ သူမဘေးက ယဲ့ဖေးချန် ကို လော့လော့ အဖြစ်
ဟန်ဆောင် မှတ်ယူလိုက်တယ် ။

ကင်မရာမန်း ရဲ့ နေရာ နားကနေ
ဒါရိုက်တာက အော်လာခဲ့သည် ,
" အဆင်သင့်ဖြစ်ရင် စမယ်!"

ချောင်မိုယွီ နဲ့ ယဲ့ဖေးချန်ဟာ သူတို့
ကြားတွင်လူတစ်ယောက်ရဲ့ တစ်ဝက်စာလောက်သာ ရှိတဲ့အကွားအဝေးနှင့် ဘေးချင်းကပ် ထိုင်နေကြတယ် ။

သူတို့စကားပြောနေရင်း, အမျိုးသားက တစ်စုံတစ်ခု ကို ပြောလာခဲ့တာကြောင့်
သူမက လှည့်ပြီး ပြုံးလာခဲ့တယ် ။

ထိုအခိုက်အတန့်တွင်, သူမ မျက်လုံးများအောက်ခြေ၌ မြက်ပင် ပန်းပင်များ နှင့်
ကျယ်ပြန့်သော လယ်ကွင်းပြင်ကို နောက်ခံထားလို့ ယဲ့ဖေးချန်ရဲ့ ပုံရိပ် က အရိပ်ထင်နေခဲ့ကာ စိတ်လူပ်ရှား ပျော်ရွှင်မူ အပြည့်ပင် ။

ယဲ့ဖေးချန်ဟာ သူ့ရှေ့က မိန်းကလေးရဲ့
အကြည့်၌ အသက်အောင့်လိုက်မိတယ် ။
ဤအခိုက်အတန့်တွင်, သူမ ဘယ်သူ့ကို တွေးနေတာ
လဲ သူ သိချင်မိတယ် ။

" ကဒ်! အရမ်းကောင်းတယ်! ငါ ရှာနေတာ ဒီ ခံစားချက်ပဲ! " ဒါရိုက်တာက အလွန်
ကျေနပ်နေခဲ့ကာ, " အဖွဲ့က စားဖို့ ပြင်ဆင်ထားတယ် ပြီးရင်
ငါတို့ သိမ်းဆည်းပြီး ရုပ်ရှင်မြို့တော်ကို ထွက်ခွာကြမယ်! "

နေ့လည်ခင်းတွင်, အဖွဲ့ဟာ ရုပ်ရှင်နဲ့ TV မြို့တော်
သို့ရောက်ရှိပြီး သူတို့ရဲ့ တင်းကြပ်တဲ့ အချိန်ဇယား အတိုင်း ရိုက်ကူးဖို့ စတင်ကြတယ် ။

ထိုနေရာ၌ ချောင်မိုယွီအတွက်
အများကြီး မရှိ
သော်လည်း ယဲ့ဖေးချန်အတွက်
ဇာတ်ကွက်များ
စွာ ရှိနေသည် ။ ချောင်မိုယွီဟာ သူမရဲ့ ဇာတ်ကွက် အချို့ကို သရုပ်ဆောင်ပြီးနောက်
သူမက အနားယူဖို့ ဘေးဘက်ကို သွားလိုက်
တယ် ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now