အခန်း ၃၂ : အမျိုးသမီး နံပါတ် ၁ (၂)

1.2K 176 1
                                    


Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ; January 18, 2023

==================

ချောင်​မိုယွီ အ​တွေးထဲ လမ်း​ပျောက်​​နေစဉ်​ ,
သူမ​ရှေ့မှ အမျိုးသားဟာ လက်​လှမ်းပြီး သူမအား သူ့ရင်​ခွင်​ထဲ ထည့်​လိုက်​တာကို သူမခံစား
လိုက်​ရတယ်​။ သူက ​ခေါင်းငုံလာပြီး သူမဆံပင်
ကို ညင်​သာစွာ နမ်းရိုက်​လာခဲ့တယ်​ ။

" ကဒ်​!" ဒါရိုက်​တာ ​အော်​လိုက်​တယ်​ ။
သူက ရယ်​​ဖေးချန်​ဆီလာပြီး ချီးမွမ်းခဲ့
တယ်​, " မင်း အလုပ်​​​ကောင်း​ကောင်းလုပ်​ခဲ့
တယ်​ , ဆက်​ထိန်းထား!"

နောက်​မှ , သူက ​ချောင်​မိုယွီ ဆီ လှည့်​ပြီး ,
" မိုယွီ , ဇာတ်​ညွှန်း​ပေါ် အရင်းခံပြီး , မင်းက
လင်းချန်​ ကို ​​မော့မကြည့်​သင့်​ဘူးလား?
အခု​တော့ ဒါကဘာလဲ , မင်းမျက်​နှာက အရမ်း
နီ​နေတယ်​ , နှစ်​လိုဖွယ်​​ကောင်းပြီး ဆွဲ​ဆောင်​မူ
ရှိတဲ့ မိန်းက​လေးတစ်​​ယောက်​လိုပဲ!"

ဒါရိုက်​တာရဲ့ စကား​ကို အာလုံး ရယ်​​မောလိုက်
ကြတယ်​ ။

ထိုအချိန်​တွင်​ , ရယ်​​ဖေးချန်​က ​ချောင်​မိုယွီ
ရဲ့ ပတ်​လည်​တွင်​​ပွေ့ဖက်​ထားတဲ့ သူ့လက်​​တွေ
ကို ​ဖြေ​လျှော့ပြီး လှည့်​ထွက်​သွားခဲ့တယ်​ ။
အဲ့အချိန်​မှာပဲ , ​ချောင်​မိုယွီက သူမ​ခေါင်းကို
ဆုတ်​ကိုင်​ပြီး နာကျင်​စွာ " အား " ခနဲ ​အော်
လိုက်​တယ်​ ။

အမျိုးသားက ​နောက်​ကို ပြန်​လှည့်​ကြည့်​လိုက်
ချိန်​ ,သူမရဲ့ ရှည်​လျားတဲ့ ဆံခြည်​မျှင်​က
သူ့အင်္ကျီ​ပေါ်၌ ညှိ​နေတာကို သူ​တွေ့လိုက်
ရတယ်​ ။

ရယ်​​ဖေးချန်​ဟာ ဆံပင်​ကို ဖြည်​ဖို့ ငါးစက္ကန့်
လောက်​အချိန်​ယူ ကြိုးစားလိုက်​ပင်​မဲ့
မ​အောင်​မြင်​တာနဲ့ , သူ့လက်​​ထောက်​ကို
တိုက်​ရိုက်​ အမိန့်​​ပေးလိုက်​တယ်​ ,
" ကပ်​​ကြေးယူလာ​ပေးပါဦး "

လက်​​ထောက်​က ကပ်​​ကြေးကို အလျင်​အမြန်
ယူလာပြီး ၎င်းကို မင်းသားစီ လှမ်း​ပေးလိုက်
တယ်​ ။ ရယ်​​ဖေးချန်​က ​ချောင်​မိုယွီကို
" ​တောင်းပန်​ပါတယ်​ " တီးတိုး​ပြော​ရင်း
ရူပ်​​ထွေး​နေတဲ့ ဆံခြည်​မျှင်​ကို ဖြတ်​​တောက်
လိုက်​တယ်​ , ပြီးတာနဲ့ , သူက ချက်​ချင်း
လှည့်​ထွက်​သွားခဲ့တယ်​ ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now