အခန်း ၇၆ ။ ဖမ်းမိပြီ (၁)

868 110 0
                                    

အခန်း ၇၆ ။ ဖမ်းမိပြီ (၁)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  June 17  ,  2023 (  Saturday   )
========================

ညက ရေတွေစီးစဥ်းနေသလို တိတ်ဆိတ်နေတယ်။ ရှင်းရီချန်းဟာ ပြတင်းပေါက်ရှေ့မှာ ရပ်နေပြီး  သေ​သေသပ်သပ်နဲ့ တိတိရိရိ ညှပ်
ထားတဲ့ မြက်ခင်းပေါ် ဆေးကြော ဖြာကျ နေတဲ့လရောင်ကို စောင့်ကြည့်နေခဲ့တယ် ။

ရှင်းရီချန်း က သူ့အပေါ် ဘာတွေ ဖြစ်လာတာလဲ
နားမလည်ပင်မဲ့ သူဟာ မီးပင်လယ်ထဲက ကောင်လေးကို ဦးဆောင် ခေါ်ထုတ်လာတဲ့ အွန်လိုင်းပေါ်က ချောင်မိုယွီ ရဲ့ ဗီဒီယို ကို ပြန်လည်ကြည့်ရူတာ
နဲ့ အဆုံးသတ်သွားတယ် ။

ရှင်းရီချန်း ဟာ ချောင်မိုယွီရဲ့ Weiboကို ရှာဖွေ့ကြည့်ရူ့ခြင်းနှင့် သူမရဲ့ မှတ်ချက်အပိုင်းကို ကျော်လွှားဖတ်နေမိတာအတွက် သူ
ရူးသွားပြီလို့တောင် ခံစားလိုက်ရတယ် ။

သူမဟာ သူမရဲ့ ကယ်ဆယ်မူကြောင့် ဒီညနေ
တွင် ရှာဖွေမူ အမြင့်ဆုံး ခေါင်းစဥ်တစ်ခု
ဖြစ်လာသည် ။ မှတ်ချက်များတွင် သူမ
ဖန်များမှ ချီးမွမ်းတဲ့ စကားလုံးများနှင့်
ပြည့်နေခဲ့သည် ။

" အစ်မ မိုယွီ, အစ်မ နာသွားလား? အစ်မ ဘယ်လို
ခံစားရလဲ? ငါ အရမ်း ဝမ်းနည်းတာပဲ! "

" မိုယွီ, အတိတ်မှာ, မင်းက လှပ ပင်မဲ့ အခြားဘာမှ မရှိဘူးလို့ ငါ အမြဲတမ်းတွေးခဲ့တယ်, ဒါပေမဲ့
အခု ငါ အရမ်း သဘောထား ကျဥ်းမြောင်းတယ်
လို့ ငါခံစားနေရတယ်! အခင်းဖြစ်ရာနေရာမှာ
လူတွေအများကြီး ရှိပင်မဲ့ မင်းတစ်ယောက်တည်း
ကပဲ တစ်စုံတစ်ယောက်ရဲ့ အသက်ကို ကယ်တင်
ဖို့ရာ မီးတောက်ပင်လယ်ထဲ ခုန်ချဖို့ လုံလုံလောက်
လောက် ရဲရင့် ခဲ့တာ ! ငါ မင်းကို တကယ် လေးစားတယ်! လူတစ်ယောက်က သေရေး ရှင်ရေး အခြေအနေတစ်ခုမှာ သူတို့ရဲ့ စစ်မှန်တဲ့
သဘာဝက ပုံရိပ်ထင်လာလိမ့်မယ် ။ မင်း
သရုပ်ဆောင်တာ အကောင်းဆုံး မဟုတ်သေး
ဘူး ဆိုရင် တောင် မင်းပို ပိုပြီး ထူးချွန် ထင်ရှား
လာလိမ့်မယ် ငါ ယုံကြည်တယ်! ငါ မင်း ကို 
အမြင့်ကြီး တွေးထားတယ်! "

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now