အခန်း ၈၃ ။ ဖမ်းမိပြီ (၈)

786 76 0
                                    


အခန်း ၈၃ ။ ဖမ်းမိပြီ (၈)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  July 6 ,  2023 (  Thursday      )
========================

လော့လော့ဟာ သူ့ကို ' ဦးဦး' လို့
ခေါ်ပြီးနောက် ကလေးပုစိလေးက
ချက်ချင်း ပင့်သက်ရိူက်လိုက်
တယ် ။ သူတို့က အခု အလုပ်လုပ်
နေတာလို့ မားက ပြောတယ်, ဒါကြောင့် တစ်စုံတစ်ယောက်ကို သူ သာမန်ကာလျှံကာ စကား မပြောသင့်ဘူး!

သူ စကားမှားပြောမိတာကို သိလိုက်တဲ့အခါ, လော့လော့ဟာ သူ့ပါးစပ်ကို သူ့ရဲ့ ဝ ဝ ကစ်ကစ် လက်ကလေးတွေနဲ့ အမြန် ပိတ်လိုက်ပြီးယဲ့ဖေးချန်ကို သတိနဲ့ကြည့်လာတယ် ။

ချောင်မိုယွီက sycamore သစ်ပင်ရဲ့ နောက်မှာ ကနေတာ ဖြစ်တဲ့အတွက်, ယဲ့ဖေးချန်
က အခုထိသူမကို မမြင်သေးဘူး ။

သူက လုပေကောဆီသွားပြီး နူတ်ဆက်ရန်
ရည်ရွယ်လိုက်သော်လည်း အမျိုးသားက
သူ့ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲ လုံးဝ နစ်မြုပ်နေပုံရ
ပြီး သူ့ပတ်ဝန်းကျင်ကို လုံးဝ လျစ်လျူရှူထားတယ် ။ သူ့သူငယ်ချင်းက သီချင်းရေးနေမှန်း ယဲ့ဖေးချန် သိတဲ့အတွက်, သူက ဤ ဉာဏ်ကွန့်မြူးနေတဲ့ အခိုက်အတန့် ကို အနှောက်အယှက် ပေးဖို့ မသွားတော့ဘူး ။

ယဲ့ဖေးချန်က စောင့်ကြောင့်ထိုင်ချပြီး
လော့လော့ကို မေးလိုက်တယ်,
" ကောင်လေး,မင်း ဘာလို ဒီလို
ဝတ်ထားရတာလဲ? မင်းရဲ့ မိဘ
တွေကရော?"

လော့လော့က ပြန်မဖြေဘူး, သူတို့ ' အလုပ် ' လုပ်နေတုန်း သူ အမှားတစ်ခု လုပ်မိမှာ ကြောက်တယ် ။ သူ လုံလောက်အောင်
ဂရုမစိုက်မိလျှင်
အဆုံး၌ ဒီဦးဦး ကို စကားပြောမိမှာဖြစ်တာ
ကြောင့် သူ့ရဲ့ ခွန်အား အားလုံးနဲ့ သူ့ပါးစပ်ကို
ပိတ်ထားခဲ့တယ် ။

ကိုယ်ပညာအရည်အသွေးရှိသူတွေက အများအားဖြင့် ထက်ရှပြီး ရှင်းရှင်းလင်းလင်း ကြားနိုင်
ကြတယ် ။ ဒါကြောင့် sycamore သစ်ပင်နောက်က ဤ စကားဝိုင်းကို ချောင်မိုယွီ ကြားတဲ့အခါ အသံက ဘာကြောင့် အရမ်းရင်းနှီးနေလဲ ဆိုတာ
သူမ မတတ်နိုင်စွာ စူးစမ်းမိသွားတယ်    ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now