အခန်း ၃၁ : အမျိုးသမီး နံပါတ် ၁ (၁)

1.4K 204 5
                                    


Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin , 诸葛锦
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန်​ ငယ်​သူငယ်​ချင်း
Date ; January 14, 2023
==================

ဖေ​ဖေရယ်​က မစ္စတာ ဟွမ်​ ဘယ်​​လောက်
တောင်​ စိတ်​လူပ်​ရှား ​နေလဲ မြင်​တဲ့အခါ , သူ
က မတတ်​နိုင်​စွာ ​ချောင်​မိုယွီ ကို ဒုတိယ
အကြိမ်​ ကြည့်​လိုက်​​သော်​လည်း သူမဆီက
ဘာ ထူးခြားတဲ့အရာကိုမှ သူ ရှာမ​တွေ့နိုင်​ဘူး ။
သူထင်​မြင်​ချက်​​ပေးလိုက်တယ်​ ,
" ခင်​ဗျား​ပြောတဲ့ မြင့်​မြတ်​တဲ့လူက ကျုပ်
အသက်​အရွယ်​ ဝန်းကျင်​​လောက်​ တစ်​စုံတစ်
ယောက်​လို့ ထင်​လိုက်​တာ , ဒါ​ပေမဲ့ သူမက
ငယ်​ရွယ်​တဲ့ အမျိုးသမီး တစ်​​ယောက်​ဖြစ်​​နေ
လိမ့်​မယ်​လို့ ကျုပ် ​မ​မျှော်​လင့်​ထားဘူး !
ဒါ​ပေမဲ့ , သူမက ကြည့်​လို့ လှတယ်​"

" သူမရဲ့ အညစ်​အ​ကြေး ကင်းစင်​တဲ့
ရောင်​ဝါက ငါမြင်​ဖူးသမျှထဲမှာ အစင်​ကြယ်
ဆုံးပဲ!" မစ္စတာ ဟွမ်​ ဆက်​​ပြောတယ်​,
" ဒီလို စင်​ကြယ်​တဲ့ ​ရောင်​ဝါ မျိုးက ​မွေးရာပါ
ပင်​ကိုယ်​ပဲ အသက်​အရွယ်​ နဲ့ မဆိုင်​ဘူး"

ဖေ​ဖေရယ်​က ရယ်​​ဖေးချန်​ နဲ့ ​ချောင်​မိုယွီ
ရုပ်​ရှင်​ဒါရိုက်​တာ ထံ နီးကပ်​သွားတာကို ကြည့်
နေခဲ့တယ်​ ။ ယခင်​က မစ္စတာ ဟွမ်​နဲ့ သူ့ရဲ့
တွေ့ဆုံ မူတွင်​ ,သူ့ဧည့်​သည်​က အလျင်​လို​နေ
တာ​ကြောင့်​ သူ့သားရဲ့ " အထီးကျန်​ရမဲ့"
ကံကြမ္မာအ​ကြောင်းကို ​သေချာထပ်​​မေးမြန်း
နိုင်​ခြင်းမရှိခဲ့​ချေ ။ ဒီ​နေ့​တော့ ​အေး​အေး​ဆေး​ဆေး နား​နေဖို့ အချိန်​ပို ရှိတဲ့အတွက်​ သူ​မေး
လိုက်​တယ်​ ," မစ္စတာ ဟွမ်​ , ကျွန်​​တော့်​သားရဲ့
ကူရှ ကံကြမ္မာ က ဘယ်​ကလာတာလဲ ?"

အမျိုးသားက ပြန်​​ဖြေတယ်​ ,
" အ​ကြောင်းအရင်းတစ်​ချက်က​တော့ သူက
အနာဂတ်​မှာသူ့ရဲ့ ကံဆိုးမိုး​မှောင်​ကျခြင်းကို
ဖြစ်​​စေမဲ့ လူနဲ့ ​တွေ့ဆုံဖို့ သူ့ကို ဆွဲ​ခေါ်​နေတဲ့
ဒီကံကြမ္မာ နဲ့ ​မွေးဖွားလာတာ​ကြောင့်​ပဲ ။
ဒုတိယအချက်​က​တော့ , ဒုတိယသခင်​​လေးရဲ့
ပင်​ကိုယ်​စရိုက်​ နဲ့ ပတ်​သက်​တယ်​ "

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now