အခန်း ၆၅ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ (၅)

891 104 2
                                    

အခန်း ၆၅ ။ ရှင်းမပြနိုင်တဲ့ ကျွမ်းဝင်မူ (၅)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date: May 13,  2023 ( Saturday  )
========================

ရှင်းဂရု ရဲ့ အလုပ်သမား တစ်ယောက်ဟု အခိုင်အမာ ပြောဆိုခဲ့တဲ့ လူတစ်ယောက်
ကသာ ဒီ သတင်းကို ထုတ်ဖော်ပြောခဲ့
တယ်, ပြောတာ
တော့ လွန်ခဲ့တဲ့ တစ်လက, ချောင်မိုယွီဟာ ရှင်းရီချန်း ရဲ့ရုံးခန်းထဲ ဝင်သွားပြီး တစ်နာရီ ကျော်လောက်မှာထွက်လာတယ် ။ သို့သော် သူမ ဝင်လာတုန်းက ဝတ်ခဲ့တာနဲ့ ပြန်ထွက်တဲ့အခါ ဝတ်ထားတဲ့ ဝတ်စုံနှစ်စုံက ကွဲ ပြား နေတယ် ။

ရှင်းရီချန်းက သူ့ ရေချိုးခန်းထဲမှာ ပုံမှန်အတိုင်း ရေချိုးနေကြောင်းကို ချောင်မိုယွီရဲ့ အဝတ်တွေသွားပို့ပေးတဲ့ မိုနီကာက အတည်ပြုနိုင်တယ်ဆိုတာကိုလဲ အလုပ်သမားက ပြောခဲ့တယ် ။

ဒါကြောင့်, ချောင်မိုယွီက သူမ အဝတ်တွေကို
ချွတ်ပြီး အမျိုးသားကို ဖြားယောင်းသွေးဆောင်
ဖို့ ရည်ရွယ်ခဲ့တယ်ဆိုတာ ကောက်ချက်ချနိုင်တယ်။ ရှင်းရီချန်း က သူ ဆေးမိနေတာကြောင့် အခြေအနေက မရေမရာ
ဖြစ်သွားခဲ့ပင်မဲ့ သူက သူမရဲ့
ချဥ်းကပ်မူကို လဲ အခိုင်အမာ ငြင်း
ဆိုခဲ့တယ် ။ သူက ရေအေးတွေနဲ့ ​​ရေချိုးရင်း
သူ့ကိုယ်သူ တည်ငြိမ်သွားစေကာ အဝတ်တွေလဲပြီး အပြင်တောင် ထွက်လာသေးသည် ။

သတင်းတွေ ထွက်လာတဲ့အခါ, အွန်လိုင်းအဖွဲ့အစည်း တစ်ခုလုံးဟာ မကျေမနပ်ဖြစ်ခြင်းနဲ့အတူ ဆူပွက်နေခဲ့ကြတယ် ။

အထူးသဖြင့် ဒေါသကို ချိုးနှိမ်ခဲ့တဲ့
ယဲ့ဖေးချန်ရဲ့ ဖန်တွေဟာ နောက်တစ်ကြိမ် တောက်လောက်လာတော့တယ်!

" ချောင်မိုယွီ က ဒီလို ခွေးမ တစ်ယောက် ဖြစ်နေ
မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး!"

" ဒီလို စက်ဆုပ်ဖွယ်ကောင်းတဲ့ မိန်းမက ငါတို့ရဲ့
အမျိုးသားနတ်ဘုရား နဲ့ယှဥ်ပြီး ဘယ်လိုတောင်
သရုပ်ဆောင်ချင်ရတာလဲ?"

" ဒါက ချောင်မိုယွီ    ' အာရုဏ်ဦးရဲ့ ပထမဆုံးအလင်း ' ဒရမ်မာ အဖွဲ့က နူတ်ထွက်ပြီး လူတိုင်း
ကို တောင်းပန်သင့်တယ်လို့ ဆိုလိုတာပဲ!"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now