အခန်း ၇၇ ။ ဖမ်းမိပြီ (၂)

820 100 0
                                    

အခန်း ၇၇ ။ ဖမ်းမိပြီ (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:  June 21 ,  2023 (  Wednesday   )
========================

သို့သော်, သူဖုန်းနံပါတ်ကို နှိပ်လိုက်ချိန်,
ချောင်မိုယွီရဲ့ များစွာသော ဖန် တွေ က
အင်တာနက်ပေါ် ရောက်လာခဲ့ကြတယ် ။
သူတို့ရဲ့ မှတ်ချက်တွေက အလွန် သဘာဝကျ
ပြီး ကောင်းကောင်း စဥ်းစားဆင်ခြင်ကြတယ်။
သူတို့ဟာ အခြေအနေကို စီစဥ်တကျဖြစ်တဲ့
နည်းဟန် နဲ့ ခွဲခြမ်းစိတ်ဖြာပြီး ထို anti-fan
တွေကို အရှက်ရစေတယ် ။

တစ်ချက်ကြည့်လိုက်တာနဲ့, ဒါဟာ ငှားရမ်းထားတဲ့အဖွဲ့တစ်ခုက ပြီးမြောက်အောင် ပြုလုပ်သွား
တယ် ဆိုတာ ရှင်းရီချန်း သိလိုက်တယ် ။ သူ မအံ့သြဘဲမနေနိုင်ဘူး ' တကယ်ပဲ ဒါကို ဘယ်သူလုပ်တာလဲ?'
《သူ့ ဘဲ လေ 🙄 နင်တစ်ယောက်တည်း ရှိတယ်များထင်နေလာ ဟမ့် 🤥》

ချောင်မိုယွီရဲ့ ဒရာမာ အဖွဲ့က သူမကို ကူညီ
ထောက်ပံ့ ပေးတယ်ဆိုပေမဲ့,သူတို့က ဒီလို မြင့်မားတဲ့အမြန်နူန်းနဲ့ လူထုရဲ့ ထင်မြင်ချက်ကို
နှိမ်နှင်းဖို့ ပိုက်ဆံအများကြီး ကို သေချာပေါက်
သုံးမှာမဟုတ်ဘူး ။ ဒါကြောင့်,
နောက်ကွယ်က
တစ်စုံတစ်ယောက်က သူမကို ကူညီနေတာပဲ
ဖြစ်ရမယ် ။

ဒါပေမဲ့, ချောင်မိုယွီ ပတ်သတ်ခဲ့တဲ့ လူတိုင်းနဲ့
သူ သိကျွမ်းတယ် ။ ဘယ်သူက သူမကို
ကူညီတာ ဖြစ်နိုင်မလဲ?

ရှင်းရီချန်း ရဲ့ နေရာနဲ့ သိပ်မဝေးတဲ့ အခြား
ဗီလာတစ်ခုတွင်, ဖေဖေယဲ့နှင့် မစ္စတာဟွမ်
ဟာ ကွန်ပျူတာ တစ်လုံးရှေ့တွင် ထိုင်နေကြ
တယ် ။

သူတို့နှစ်ဦးဟာ ချောင်မိုယွီရဲ့ မှတ်ချက် အပိုင်း
ပေါ်က ပြောင်းလဲမူတွေကို ကြည့်ရူ့ပြီး
သူတို့ရဲ့
အံ့အားသင့် မူကို မထိန်းချူပ်နိုင်ကြ
တော့ဘူး ။

မစ္စတာဟွမ် မေးလိုက်တယ်, " မစ္စတာယဲ့,
ဒါကိုမင်းရဲ့ အဖွဲ့က လုပ်သွားတာလား?"

ဖေဖေယဲ့က သူ့ခေါင်းကို ခါရင်း ,
" ငါ့မှာ အမိန့်ပေးဖို့ အခွင့်အရေးတောင် မရှိ
လိုက်ပါဘူးကွာ, သူမအတွက် ဒါကို လုပ်ဖို့
လက်ဦးမူ ယူလိုက်တဲ့တစ်စုံတစ်ယောက်က
ဘယ်သူ ဖြစ်နိုင်လဲ?"

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now