အခန်း ၁၀ : အဖြူရောင်ဝတ်စုံနှင့် အလှလေး(၁)

1.8K 192 1
                                    

Zawgyi//




အခန်း ၁၀ : အဖြူ​ရောင်​ဝတ်​ဆုံနှင့်​ အလှ​လေး(၁)


Qiao Moyu သည် Ye Peicheng ၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသည့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို သတိမထားမိခဲ့ပေ။ သူဖုန်းချလိုက်
သည်ကိုမြင်သောအခါ စားပွဲပေါ်ရှိသေတ္တာကို လက်ညှိုးထိုးပြပြီး "ရုပ်ရှင်ဧကရာဇ် Ye ,
ရှင်​ရှာ​ ​နေတဲ့ ဟာ ဒီမှာ​နော်​"

ထိုသို့​ပြောပြီး​နောက်​ သူမလှည့်​ထွက်​သွား
လိုက်​သည်​။

"ဘာလဲ ?" Ye Peicheng သည်​ ​သေတ္တာ ကို
စူးစိုက်​ကြည့်​​နေပြီး သူ၏ အသံတွင်​ မ​ရေမရာ
မူများ အရိပ်​အမြွက်​ ပါဝင်​​နေသည်​။

Qiao Moyu ဘာ​တွေဖြစ်​​နေသည်​ကို
ရုတ်​တရက်​ နားလည်​သ​ဘော​ပေါက်​လာ
သည်​ ; ဒါကို ကြည့်​ရတာ Ye Peicheng က သူ့ဆီကို ပစ္စည်း တစ်​ခု ပို့​ပေးဖို့ ဘယ်​သူ့ကို
မှ မ​​ပြောခဲ့ပုံပင်​။ သူမ ချက်​ချင်း ​သေတ္တာကို
ကောက်​ကိုင်​လိုက်​ပြီး ​ပြောလိုက်​သည်​,
"စိတ်​မရှိပါနဲ့ ,ကြည့်​ရတာ ကျွန်​မ မှားသွား
တာထင်​တယ်​ , ​တောင်းပန်​ပါတယ်​!"

ဒါပေမယ့် Ye Peicheng က သူမကို ထွက်ပြေးဖို့ အခွင့်အရေးမပေးခဲ့​ပေ။ သူ့မျက်လုံးများ
သည်​ ထိုအရာကို အာရုံစိုက်​​နေပြီး အမိန့်
ပေးလိုက်​သည်​။, "အဲ့တာကို ချထားလိုက်​"
သူထပြီး သူမဆီသို့လမ်း​လျှောက်​လာသည်​။

အမျိုးသားသည်​ အရပ်​ရှည်​ပြီး အနက်​​ရောင်
suit ဝတ်​ထားသည်​မှာ ရှင်းမပြနိုင်​​လောက်
သော ဖိနှိပ်​မူများကို ​ပေး​နေသည်​။
Qiao Moyu သည်​ ​သေတ္တာ ကို လက်​လွှဲ
ပေးလိုက်​ပြီး : " ရှင်​ ကြည့်​လို့ရပါတယ်​"

Ye Peicheng သည်​ အဖြူ​ရောင်​ ​သေတ္တာ ကို
ဖွင့်​လိုက်​ပြီး အနီ​ရောင်​ နှလုံးသားပုံစံ ကိတ်​ကို
နှင်းဆီ ပွင့်​ဖက်​များဖြင့်​ တန်​ဆာဆင်​ထား
သည်ကို ​တွေ့လိုက်​ရသည်​။

ယ​နေ့သည်​ Ye Peicheng ၏ 27 နှစ်​ ပြည့်
မွေး​နေ့ဖြစ်​ပြီး ​ဖျော်​​ဖြေ​ရေး ​လောကအတွင်း
၌ သိရှိထားကြသည်​။ သို​သော်​ , သူသည်
အမြဲတမ်း နှိမ့်​ချတဲ့ profile ကို ထိန်းသိမ်း
ထားခဲ့​ပြီး သူ့တွင်​ ​မွေး​နေ့ပွဲကျင်းပ
ရန်​ အစီအစဉ်​ မရှိ​ပေ။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now