အခန်း ၇၃ ။ သူ့ကို ကယ်တင်ခဲ့တဲ့ မိန်းကလေး (၂)

814 99 5
                                    

အခန်း ၇၃ ။ သူ့ကို ကယ်တင်ခဲ့တဲ့ မိန်းကလေး (၂)

Story Title ; The CEO's Villainess Childhood friend
Author ; Zhuge Jin ,
Eng Translator ; Hang_Qi
Mm Translator ; @Li_Soung_Oo
Mm Title ; CEO ရဲ့ ဗီလိန် ငယ်သူငယ်ချင်း
Date:   June 3 ,  2023 ( Saturday     )
========================

မီးလာင်မူသည် မြှုပ်ထားတဲ့
ဝိုင်ယားကြိုးတွေ
လျှပ်စစ်ဓာတ်အား ရှော့ ဖြစ်သွားတာကြောင့်
ဖြစ်သည် ။ ကံကောင်းထောက်မစွာ ပတ်ဝန်းကျင်တွင် အခြား အတောက်အဦးများ မရှိတာကြောင့်,
အပျက်အစီး ကို ထိန်းချုပ်နိုင်ခဲ့တယ် ။

ချောင်မိုယွီဟာ သူမ ရဲ့ ဖုန်း
သံမြည်လာတဲ့အချိန်
သူမရဲ့ ဒဏ်ရာပေါ် ဆေးလူးနေခဲ့တာဖြစ်သည် ။
လက်ထောက်မန်နေဂျာ ရှောင်စု က
ပြောလာသည်, " မစ် မိုယွီ အစ်မ ဘယ်မှာလဲ? ဇာတ်ကွက်တွေထဲက တစ်ခုကို အစ်မ ပြန်ရိုက်ဖို့ လိုတယ်လို့
ဒါရိုက်တာ ဖန်းက အခုပဲ ခေါ်ပြောတယ် "

ချောင်မိုယွီဟာ သူမဘေးတွင် အဖွဲ့ဝင်တစ်ယောက်က ပုဝါ တစ်ခု လှမ်းပေးခဲ့တာတောင် သူမက စိုစွတ်နေဆဲ ဖြစ်သည် ။
သူမ အဝတ်တွေက သူမ ခန္ဓာကိုယ် တွင် ကပ်နေ၏ ။

သူမဟာ လက်ထောက်ကို ပြန်ပြောနေစဥ် ယခင်ရိုက်ကွင်းနေရာသို့ အပြေးအလွှား ပြန်သွားခဲ့ကာ,
" ငါ က ရုပ်ရှင် နဲ့ TV မြို့တော်ရဲ့ အရှေ့ဘက်အခြမ်း မှာ ။ ဒီမှာ မီးလောင်နေလို့လေ ။ ငါ ကောင်လေး တစ်ယောက်ကို
သွားကယ်ခဲ့တာမို့
အခု ငါ ရေတွေ ရွှဲရွှဲစိုနေပြီ ..... "

" အာ? မီးလား? !" ရှောင်စု ထိတ်လန့်သွားခဲ့
တယ် ။ " အစ်မ တစ်ခုခု ဖြစ်သွားသေးလား?
ဒဏ်ရာတွေများ ရသွားတာလား? !"
သူမ အသံက
စိုးရိမ်ပူပန်မူကြောင့် ကျယ်လောင်
နေခဲ့တယ် ။
အခုလေးတင် ဇာတ်ကွက်တစ်ခု ကို သရုပ်ဆောင်ပြီးသွားတဲ့ ယဲ့ဖေးချန် က
သူမ စကားတွေကို
ကြားတဲ့အခါ လှည့်လာခဲ့တယ် ။

" စိတ်အေးအေးထားပါ, ငါ ဘာ
ဆိုးဆိုးဝါးဝါး
ဒဏ်ရာမှ မရပါဘူး ။ ငါ့လက်တွေပေါ်မှာ မီးလောင်ဖု အနည်းငယ်လောက်
ပဲ ရှိတာပါ " ,
ချောင်မိုယွီ ပြန်​ဖြေလိုက်တယ် ။

" မီးလောင်ဖု? ကျွန်မကို စောင့်, ကျွန်မ ကား
တစ်စီးယူပြီး အစ်မကို ချက်ချင်း လာခေါ်မယ်! "
ရှောင်စုက အလောတကြီး ပြောလာတယ်။

CEO ရဲ့ ဗီလိန်ငယ်သူငယ်ချင်း《Mm Tran》Where stories live. Discover now