ep (32)

278 30 2
                                    


" နိုင်ငံကျော်မင်းသား သရုပ်ဆောင်နီရှီမူရာသည် လက်ရှိတက်နေသည့် ကင်ဆောနူနှင့်ပျော်ပါးနေသည်ဟူသည့်ပုံတွေ အတွက် သတင်းစာရှင်းလင်းပွဲ လုပ်တော့မည်ဖြစ်ကြောင်း

" နီရှီမူရာသည် အဘယ်ကြောင့်ပျောက်ဆုံးသွားရသနည်းဆိုသညံ အဖြေတွေမကြာခင်သိရတော့မည်

" နီရှီမူရာဟာ သူ့ရဲ့ချစ်သူကိုပါ တရားဝင်မိတ်ဆက်တော့မည်ဟူသည့်သတင်းတွေ ကြားနေရ

Fan တွေကတော့ သူတို့မင်းသားနီရှီမူရာ၏ လက်ရှိတက်နေသည့် သတင်းတွေ မမှန်ကြောင်း သက်သေပြနိုင်တော့မည်ဖြစ်၍ ပျော်နေပြ၏

" ကြည့်နေ ငါတို့မင်းသားက ကင်ဆောနူနဲ့ ဘာဆိုဘာမှဖြစ်ခဲ့မှာမဟုတ်ဘူး ''

" ငါတို့မင်းသားကိူ ဝိုင်းဆဲထားတဲ့ anti fan တွေ သေမယ် ''

" နီရှီမူရာက သူ့ချစ်သူကို မိတ်ဆက်တော်မှာဆို ''

" အဲ့ဒါက သူ့ရဲ့မန်နေဂျာ ကင်ဆောနူဘဲ မဟုတ်လား ''

" မသိဘူး သတင်းစာရှင်းပွဲကျသိမှာပေါ့''
.
.
.

.
.
တဖျတ်ဖျတ် ရိုက်ခတ်နေသည့် ကင်မရာတွေကြားမှ ဖြတ်ကာ လျှောက်လာနေသည့် နီရှီမူရာနှင့် ကင်ဆောနူ။

နီရှီမူရာသည် ကင်ဆောနူ၏ လက်တွေအား တင်းကျပ်စွာဆုတ်ကိုင်ထားသေး၏

သတင်းထောက်တွေကလည်း ထင်ထားသည်ထက် ပို၍များနေခဲ့၏

ရင်ခုန်နေသည့် ကင်ဆောနူ၏ လက်တွေသည်တုန်ရီနေခဲ့၏

" ဖြစ်ပါ့မလား ငါကြောက်တယ် ''

" ငါရှိတယိ ငါရှိပါတယ် ဟင်း ''

နီရှီမူရာက ဘာဆိုဘာမှမကြောက်ပါနဲ့သူရှိပါသည်ဟူ၍ နွေးထွေးစွာနှငိ်ပြူံးပြလာခဲ့ပါ၏

စင်အနိမ့်လေးပေါ်က ခုံပေါ်နှစ်ယောက်သားထိုင်လိုက်၏

အီသန်နှင့်ဂျေးကတော့ အောက်ကနေ fighting ဆိုသည့် လက်အမူအရာတွေလုပ်ပြရင်း အားပေးနေခဲ့ကြ၏

" နီရှီမူရာရှီး အခုလက်ရှိ ထွက်နေတဲ့သတင့းတွေက အမှန်ဘဲလား ကင်ဆောနူနဲ့ အတူပျောက်ဆုံးပြီး ပျော်ပါးနေခဲ့တယ်ဆိုတာ ''

I'm his anti and honey (Complete )Where stories live. Discover now