ep (9)

333 52 5
                                    

" မင်းသား hip hop ကမယ့်အခန်းက ပထမဆုံးသရုပ်ဆောင်ရမှာပါ ''

ရိုက်ကူးရေးအတွက် လိုအပ်သည့်ပစ္စည်းတေ်နေရချရင်း staff တွေ လည်း ဟိုသွား ဒီသွား အလုပ်ရှုပ်ကာ ဆူညံနေ၏

နီရှီမူရာအတွက် မျက်နှာ၌ လိုအပ်တာတွေ ပြင်ဆင်ရင်း ဒါရိုက်တာက လှမ်းပြောလာ၏

" ဟုတ် ဒါရိုက်တာကြီး ''

" မျက်လုံးကို အနက်ရောင်တွေတအား သုံးပေးနော် ဂျစ်ကန်ကန်ပုံစံပေါက်အောင်ပြင်ပေးလိုက် ''

ရိုက်ကူးပေးမည့် ဒါရိုက်တာင သဘောကောင်းသည့်အပြင်နာမည်ကြီးသည့် ဒါရိုက်တာ ဂျောင်ဟိုဆော့ဖြစ်၏

" ဟိုဘက်က ကော်ဖီဆိုင်နား မင်းသားရှင်းဂျယ်ယွန်း နဲ့ ဂျွန်ယောင်း တွေ့တဲ့အခန်းရိုက်မယ်'

ဒါရိုက်တာဖြစ်၍ အမိန့်ဘဲပေးလို့ရသည်မထင်နှင့်။

ကိုယ်တိုင်ပါ ဝင်ကူညီပေးရသေး၏

ရှုတင်မန်နေဂျာ က ရောက်လာပြီး

" ဒါရိုက်တာဂျောင် ဟိုဘက်ရိုက်လို်ရပြီ'

" အင်း မင်းသားနီရှီမူရာ အခန်းက ညမိုးချုပ်မှ ရိုက်မှာနော် ''.

.
.
.

နီရှီမူရာအား ဆံပင်ပြင်လိုက် ဘာဆိုးလိုက် ညာခြယ်လိုက်နဲ့

ဘေးက ကြည့်နေသည့်ဆောနူ အတော်အိပ်ချင်လာပြီဖြစ်၏

" ဝါးးးး ဘယ်အချိန်တောင်ရှိပြီလည်း '

ထိုင်ကြည့်ရင်း ပျင်းလာကာ အာတွေပါသန်းမိနေပြီ

အာသန်းနေသည့်အသံကို ကြားသွားသည့် နီရှီမူရာက အပျင်းတစ်နေသူ ဆောနူအား

" ya မင်းသားတစ်ယောက်ရဲ့ မန်နေဂျာဖြစ်ပြီး အလုပ်မရှိလို့ ငိုက်နေတာ မင်း တစ်ယောက်ဘဲ ရှိတယ် ငါ့အတွက် ညစာလေး ဘာလေး ရေလေး သွားယူထားလေ ''

အာဏာလေးကတော့ ပြလိုက့ရမှ။ ဒါကြောင့် ဒင်းကို anti တာ

ဆောနူ စိတ်ပျက်သလို နှာခေါင်းရှုံရင့း

" မင်းခိုင်းလို့လား '

" ခိုင်းမှာ လုပ်တတ်တာ ဘာစိတ်လည်း ''

I'm his anti and honey (Complete )Where stories live. Discover now