ep (31)

245 29 0
                                    


ဆောနူ မျက်လုံးပွင့်လာတော့ အလင်းရောင်ဖျော့ဖျော့လေးအား မြင်နေရ၏

နီခီက တော့ ဂူနံရံမှာမှီရင်း အိပ်ပျော်နေခဲ့သလို ဆောနူက နီခီ့ဘေးမှာ ဂူနံရံ၌ မှီရင်း အိပ်ပျော်နေသည်ထင်။

မှိနိးနေ၏ မျက်နှာတစ်ခုလုံးလည်း ဖြူဖျော့ကာသွေးရောင်ပင်မရှိတော့။

ညကလညိး နီခီက နာကျင်စွာညီးနေ၍ ဆောနူမှာ ဘာလုပ်ရမည်မသိ ပျာယာခတ်ရ၍ မိုးလင်းလောက်မှသာ ဆောနူအိပ်ပျော်သွားသည်ထင်။

ညက နီခီ့ အား လုပ်ကြံရန် ဂူနံရံ၌ ထွန်းထားသည့် မီးလုံးက လင်းနေသည်မှာ ပါဝါအား ကောင်းလှပုံပေါ်၏

ဒီလိုဂူထဲကို နီခီနှငိ် ဆောနူအား ဘယ်သူကများ ပြစ်ထားကာ ဒီလိုလုပ်ရက်ရသနည်း။
ကြည့်ရတာတော့ နီခီကိုပြိုလဲစေချင်တဲ့ ဆောနူကိူ အကူအညီတောင်းခဲ့ဖူးသည့်လူများလား။

ကင်ဆောနူကလည်း ကင်ဆောနူပင်။ နီခီက မှောင်နေရာမှ အလငိးနှင့်တိုက်ရိုက်ထိတွေ့ရင် နာကျင်ရတတ်ကြောင်းသွားပြောဖူးသည်မဟုတ်လား။

ဒီလိုတွေးကြည့်မိပြန်တော့လည်း ကင်ဆောနူ၏စိတ်တွေလေးလံလာရပြန်ပြီ

ဂွိ ဂွီ

အတွေးများနေ သည့်အချိန် ဗိုက်ထဲမှမြည်လာသည့်အသံ။

ဒီလောက်ထိဆိုးဝါးနေသည့် အခြေအနေကြားမှာတောင် ဗိုက်ဆာနိုင်သေးသည့် ကင်ဆောနူ

သူကိုယ်သူလည်း အံ့သြမိပါရဲ့။ အစားအစာက ဘယ်ကသွားရှာရမည်နည်း

ဂူပြင်ထွက်ရင်တော့ အသီးတစ်မျိုးမျိူးတော့ရနိုင်ပြီ။

ဒါ့အပြင် ဒီနေရာကနေ ထွက်မည့်လမ်းပါ ရှာနိုင်မည်ဖြစ်၏

ဆောနူ မှီနေရာမှ ထလိုက်စဥ် ကင်ဆောနူ၏ လက်တွေအား ထိကိုင်လာသည့်အခြားလက်နုနုတွေ။ နီရှီမူရာရဲ့လက်။

" အင်း နီခီ ဘာဖြစ်လို့လည်း ''

" န န နာ တယိ ''

နီခီသည် မျက်လုံးတောင်မဖွင့်နိုင်ရှာသလိူ အသံကလည်း တဆတ်ဆတ်တုန်ရီနေခဲ့၏

" အင်း ဘယ်နားကလည်း ''

" တစ်ကို ယ် လုံး ဘဲ ဘယ် မှ မသွား နဲ့ ''

I'm his anti and honey (Complete )Where stories live. Discover now